Friday, October 12, 2007

၁ခု

ဘလောခ့်မရေးဖြစ်တာတောင်တော်တော်ကြာပြီ။ အရှုပ်တွေလုပ်နေလို့ ။ ဟဲဟဲ။ အရင်ကကျွန်တော်က ဘလောခ့်ရေးရင် မရှည်ရှည်အောင်ဆွဲဆန့် ပြီးရေးတယ်။ ဒါပေမယ့် အပျင်းကလည်းကြီး၊ ချကလည်းမရေး၊ စိတ်ထဲပေါ်လာတာရေးတော့ တခါတလေ အရှေ့နဲ့ အနောက်နဲ့ မညီတာတွေဖြစ်ကုန်တယ်။ ဒါကြောင့်ခု တိုတိုပဲရေးတော့မယ်။ ခုပုံပြင်က ဇာတ်သွားကမကောင်းပါဖူး။ ကျွန်တော်က ၀တ္ထုရေးဆရာမှ မဟုတ်တာ။ ဖတ်လို့ မကောင်းရင်တော့ ခွင့်လွှတ်ပါခင်ဗျာ။ ပေါ့ပျက်ပျက် ပုံပြင်၁ခုလို့ ပဲသဘောထားပါတော့.....

ဟိုးဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်တစ်ပါးအုပ်ချုပ်တယ်ဗျာ။ အဲဘုရင်ကဆိုးတယ်။ ဒါကြောင့် ပြည်သူတော်တော်များများကဆင်းရဲတယ်။ မိသားစုတစ်ခုကလည်းဆင်းရဲတယ်။ သူတို့ မှာသားတစ်ယောက်ရှိတယ်။ သူတို့ ကဆင်းရဲတော့ သူတို့ သားကို ပညာမသင်နိုင်ဖူးပေါ့ဗျာ။ ဒါနဲ့ စားဝတ်နေရေးပြည်လည်အောင်ဆို ပြီးတော့ သူတို့ သားကို ဘုရင် အမှုထမ်းလုပ်ခိုင်းတယ်။ စစ်သားလေးပေါ့ဗျာ။ တစ်နေ့ တော့ သူ့ မိဘတွေက ဘုရင် က အရမ်းဆိုးတော့သည်းမခံနိုင်တော့ဖူး။ ဒါနဲ့ ဘုရင်တိုင်းခန်းလှည့်လည် တုန်းမှာသတ်ဖို့ ကြံစည်တာပေါ့ဗျာ။ ဘုရင်က သူ့ အမှုထမ်းတွေကိုလှမ်းမေးတာပေါ့။ အဲ့လူတွေက ဘယ်သူလည်းပေါ့။ သူ့ အမှုထမ်းတွေက ပြောတာပေါ့...အဲ့စစ်သားလေးရဲ့ မိဘတွေပါပေါ့။ ဒါနဲ့ ဘုရင်က အဲ့စစ်သားလေးကို ခေါ်ခိုင်းပြီးတော့ သူ့ မိဘတွေကို ရှင်းခိုင်းတာပေါ့ဗျာ။ ရှင်းခိုင်းတယ်ဆို တာဖမ်းပြီး အချုပ်ထဲထည့်ခိုင်းတာပေါ့ဗျာ။ ဒါပေမယ့် မိဘတွေက ခုခံရင် ချရင်လည်းချရမှာပေါ့။ ဘုရင်ဆိုတဲ့ အမျိုးက ဆိုးတယ်ဗျ။ သူတို့ က သူတို့ အပေါ် သစ္စာရှိနေမှန်းသိရင်တောင်မှ အခက်အခဲမဖြစ်ဖြစ်အောင်ဖန်တီးပြီး သစ္စာရှိမရှိ စမ်းသပ်သေးတာ။အားနေယားနေရင် သေဒဏ်ကလည်းပေးချင်သေးတာ။ ခုလည်းစမ်းသပ်တာပေါ့။ အခုအခြေအနေအရ အဲ့ ကောင်လေးမှာ ရွေးစရာ ၂လမ်းရှိတယ်။
၁) မိဘတွေမို့ မလုပ်နိုင်ပါဖူးပေါ့။ ဒါဆိုရင်တော့ရှင်းတယ်။ အဲ့ ကောင်လေးကို သစ္စာမရှိဖူးဆိုပြီးတော့ သေဒဏ်ပေးမယ်။ ကောင်လေးမိဘတွေကိုလည်း တခြားလူတွေကို ခိုင်းပြီးတော့ ဖမ်းခိုင်းမယ်။ ပြီးရင် သေဒဏ်ပေးမယ်။ ဒါဆို ကောင်လေးရော၊ မိဘတွေရော အသက်ဆုံးရှုံးမှာ။

၂) မိဘတွေမှန်းသိရက်နဲ့  ဖမ်းမယ်။ ဒါဆိုရင် ကောင်လေးက အသက်ချမ်းသာမယ်။ ဖမ်းရုံပဲဖမ်းရမှာဆိုတော့ မိဘတွေက ရှင်ရင်လည်းရှင်နိုင်တယ်။ သိပ်တော့မသေချာဖူး။ ၅၀-၅၀ ဆိုပါတော့ဗျာ။ဆုတွေဘာတွေ မဖြစ်စလောက်လည်း ပေးသနားခံရင်ခံရမှာပေါ့ဗျာ။ အများကတော့ပြောမှာပေါ့ဗျာ။ ဒီကောင်လေးက ကိုယ့် မိဘကိုတောင်ပြန်လုပ်ရက်တယ်ပေါ့။ ဒါပေမယ့် သိတော့မူတဲ့အတိုင်း အများဆို တာ ပြောဖို့ က နံပါတ်၁လေ။ ကောင်လေးအခြေအနေကို တော့ ဘယ်နားလည်ပါ့မလဲ။

ကဲ ခင်ဗျားတို့ ရော ကောင်လေးနေရာမှာဆိုရင် ၁ ကိုရွေးမလား။ ၂ကိုရွေးမလား။ comment မှာဝင်ရေးသွားပေးပါ။ reason ကိုတော့ ရေးရင်လည်းရေး မရေ်းလည်းကိစ္စမရှိပါဖူးခင်ဗျာ။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ကြိုးစားပြီးရေးပေးပါခင်ဗျာ။ ဒါနဲ့ ဘာရွေးမလည်း စဉ်းစားတဲ့အခါ ခင်ဗျားတို့ ရဲ့  ပညာတတ်အသိဥာဏ်ဦးနှောက်နဲ့ မစဉ်းစားပါနဲ့ ခင်ဗျ။ အလွန်ဆုံး ၇တန်း ၈တန်းအောင် အသက် ၂၅-၃၀ စာ မဖတ် လူတစ်ယောက်နေကနေစဉ်းစားပါခင်ဗျ။ နောက်တစ်ခုကလည်း ခေါင်းအေးအေးနဲ့ မစဉ်းစားနဲ့ ခင်ဗျ။ သဘောကတော့ အခုပဲ ဘုရင်ဆီ က အမိန့် ရလို့  ချက်ချင်းတုန့် ပြန် ရတော့မယ့် အခြေအနေက နေ စဉ်းစားပါ။........

ပုံပြင်လေးကတော့ဒါပါပဲခင်ဗျာ။... :P

post signature