Thursday, May 31, 2007

a story from Chicken Soup for the Souls

အဖေနဲ့ကျွန်တော်

အတွေ့အကြုံဆိုတာ
အရက်စက် အကြမ်းကြုတ်ဆုံးဆရာပဲ၊
ဒါပေမယ့် အဲဒီက သင်ခန်းစာယူစမ်းပါ။
ယူဖြစ်အောင်ယူပါ။
(စီအက်စ်လူးဝစ်)

စပိန်ပြည်တောင်ပိုင်းရှိ အက်စတီပိုနာဆိုသည့်နေရာလေးမှာ ကျွန်တော် ကြီးပြင်းခဲ့သည်။ကျွန်တော့်အသက် ၁၆-နှစ်ရွယ် တစ်နေ့နံနက်မှာ အဖေက သူ့အား ကျွန်တော်နှင့် ၁၈-မိုင်လောက်အကွာမှာရှိသည့် မီဂျားစ်ရွာသို့ ကားမောင်းပို့ခွင့်
ပေးသည်။အဲသည်လို ခွင့်ပေးခြင်းအတွက် ကျွန်တော်က ကားကို အနီးရှိ ၀ပ်ရှော့တစ်ခုမှာ ရေဆေးဆီထိုးလုပ်ပေးရန်ပါတာဝန်ယူရသည်။
အဲသည်တုန်းက ကျွန်တော်ကားမောင်းတတ်စ၊ကားကို ကိုင်တွယ်
သုံးစွဲခွင့်လည်း သေသေချာချာမရသေးသည့်ကာလဖြစ်ရာ အဖေပြောသည့်အခါ ကျွန်တော်အလျင်အမြန်ပင်ခေါင်းညိတ်ဖြစ်ခဲ့သည်။
ကျွန်တော် အဖေ့ကို မီဂျားစ်သို့ ကားမောင်းပို့သည်။သည်နောက် ညနေ ၄-နာရီတိတိမှာ ပြန်လာကြိုမည်ဟု ကတိပေးခဲ့ပြီး ၀ပ်ရှော့ရှိရာ တန်းသွားကာ ကားကိုအပ်သည်။အဲသည်နောက်မှာ အချိန်အတော်လေးပိုနေသဖြင့် ၀ပ်ရှော့အနီးရှိ ရုပ်ရှင်ရုံမှာ ရုပ်ရှင်တစ်ကားနှစ်ကားဝင်ကြည့်မည်ဟု ကျွန်တော်ဆုံးဖြတ်
လိုက်သည်။ရုံထဲရောက်ပြီးသည့်နောက် အချိန်ဘယ်လောက်ကြာမှန်းမသိ
ဖြစ်သွားသည်။နောက်ဆုံးကားပြီး၍ နာရီကြည့်မိသည့်အခါ ၆-နာရီထိုးနေပြီ။
နှစ်နာရီတိတိ ကျွန်တော်နောက်ကျသွားပြီ။
ရုပ်ရှင်ကြည့်၍ နောက်ကျမှန်းသိလျှင် အဖေအကြီးအကျယ်ဒေါသထွက် တော့မည်။ကျွန်တော့်ကို ဘယ်တော့မှ ကားမောင်းခွင့်ပေးမည် မဟုတ်တော့။
ထို့ကြောင့် အဖေ့အား ကားမှာပြင်စရာတွေ ရှိနေ၍ ၀ပ်ရှော့ကလူတွေထင်ထားတာထက် အကြာကြီး အချိန်ယူလုပ်ကိုင်နေရကြောင်း ပြောရန်စဉ်းစားပြီး လာခဲ့သည်။
အဖေနှင့်တွေ့ရန် ချိန်းထားသည့်နေရာသို့ ရောက်သောအခါ စိတ်ရှည်လက်ရှည်ပင် အဖေစောင့်မျှော်နေတာ ကျွန်တော်တွေ့ရသည်။
နောက်ကျသည့်အတွက် တောင်းပန်ကြောင်း စကားပလ’င်ခံကာ ကျွန်တော်တတ်နိုင်သမျှ အမြန်ဆုံးလာခဲ့ကြောင်း၊၀ပ်ရှော့မှာ ကြီးကြီးမားမားပြင် ရတာတွေ ရှိနေသဖြင့် ဒီလောက်ကြာနေခြင်းဖြစ်ကြောင်း ကျွန်တော်ပြောလိုက်သည့်
အချိန် အဖေ၏အကြည့်ကို ကျွန်တော့်တစ်သက် မေ့နိုင်မည်မဟုတ်ပါ။

အဖေ-ဂျေဆင်၊ဒီကိစ္စ အဖေ့ကို လိမ်ပြောမှဖြစ်မယ်လို့ မင်းသဘောထားတာ အဖေစိတ်မကောင်းဘူး

သား -ဘာဖြစ်လို့လဲ အဖေ၊ကျွန်တော်အမှန်အတိုင်း ပြောတာပဲဟာ၊

အဖေ ကျွန်တော့်ကို ထပ်ကြည့်ပြန်သည်။

အဖေ-မင်းပေါ်မလာတော့ ငါဝပ်ရှော့ကို ဘာတွေဖြစ်နေလဲ လှမ်းမေးတယ်၊မင်းမလာယူသေးတာတဲ့၊အဲဒီတော့ ကားမှာဘာမှမဖြစ်ဘူးဆိုတာ ငါသိပြီးသားပေါ့ကွ၊

ရုတ်တရက်ရှက်ကြောက်သည့်စိတ်ဖြင့် ကျွန်တော်ထူပူ၍သွားသည်။ရုပ်ရှင်
ရုံသို့သွားမိသဖြင့် နောက်ကျရခြင်းဖြစ်ကြောင်း မပွင့်တပွင့် ကျွန်တော်ဖွင့်ဟ၀န် ခံ သည်။ကျွန်တော့်စကားများကို စူးစိုက်နားထောင်ရင်း အဖေ့မျက်နှာမှာ ၀မ်းနည်းကြေ
ကွဲသည့် အရိပ်လက္ခဏာများ ယှက်သန်းလာသည်။

အဖေ-အဖေ တော်တော်ဒေါသထွက်တယ် သား၊သားကိုမဟုတ်ဘူး၊ကိုယ့်ကိုကိုယ်ဒေါသထွက်တာ၊သား စဉ်းစားကြည့်၊ဒီအရွယ်လောက်ထိရောက်
လာတဲ့အချိန် သားမှာ အဖေ့ကိုလိမ်ပြောရမယ်ဆိုတဲ့ စိတ်မျိုးရှိနေတာ
အဖေညံ့လို့ပဲ။အဖေမွေးထားတဲ့သားဟာ ကိုယ့်အဖေကို တောင် အမှန်အတိုင်း မပြောနိုင်တဲ့လူတစ်ယောက်ဖြစ်နေတာ အဖေ အသုံးမကျလို့ပဲ၊ဖခင်တစ်ယောက်အနေနဲ့ အဖေမအောင်မြင်ခဲ့ဘူး၊အခု အဖေအိမ်ကို လမ်းလျှောက်ပြန်မယ်၊သားကို ပြုစုပျိုးထောင်ခဲ့တဲ့ ဒီနှစ်ကာလတွေအတွင်း အဖေဘာအမှားတွေ ကျူးလွန်ခဲ့မိသလဲအဖြေပေါ်တဲ့အထိ အဖေစဉ်းစားသွားမယ်၊

သား-အဖေ၊အိမ်အထိက ၁၈-မိုင်တောင်ဝေးတယ် အဖေရယ်၊ပြီးတော့ မှောင်လဲမှောင်နေပြီ၊ဒီလောက် အဝေးကြီးအဖေလျှောက်
လို့ ဘယ်ဖြစ်မလဲ၊

ကျွန်တော်တောင်းပန်ကာ ကန့်ကွက်တာ ဖျောင်းဖျပြောဆိုတာတွေ အားလုံးပင် အချည်းနှီးသာဖြစ်ခဲ့သည်။အဖေ အကြီးအကျယ်စိတ်မချမ်းမသာဖြစ်အောင် ကျွန်တော်လုပ်ခဲ့မိပြီ။ယခုတော့ ကျွန်တော့်တစ်သက်တာမှာ အထိခိုက်အနာကျင်ဆုံး
သင်ခန်းစာတစ်ခု ကျွန်တော်ခံယူရတော့မည်။
ဖုန်ထူသော ထိုလမ်းအတိုင်း အဖေလျှောက်သွားသည့်အခါ ကျွန်တော် ကားပေါ်ပြေးတက်ပြီး အဖေ့နောက်ကလိုက်ရသည်။သည်မျှဆိုလျှင်အဖေရပ်လေ
မည်လား၊အဖေလျှော့တော့မည်လား မျှော်လင့်ခြင်းကြီးစွာဖြင့် တစ်လမ်းလုံး ကျွန်တော်တောင်းပန်တိုးလျှိုးလာသည်။အဖေကျွန်တော့်ကို တစ်ခွန်း
မျှပြန်မပြော။ဝမ်းနည်းကြေကွဲစွာ တွေဝေငေးမောကာသာလျှောက်၍ သွားနေသည်။
၁၈-မိုင်လုံးလုံး အဖေလမ်းလျှောက်သည့်နောက်က ပျမ်းမျှ တစ်နာရီ ၅-မိုင်
နှုန်းလောက်ဖြင့် ကျွန်တော်ကားမောင်းလိုက်ပါလာရသည်။
ကျွန်တော့်ဘ၀တစ်သက်တာတွင် အဖေ့ကို အဲသည်လို ပင်ပန်းခြင်း၊စိတ်ပင်ပန်းခြင်းကြီးစွာခံစားနေရသည့်အနေအထားဖြင့် မြင်တွေ့နေခဲ့ရသည့် ထိုစဉ်
ကအဖြစ်လောက် ခါးသီးဖွယ်၊ရင်နင့်ဖွယ်ကောင်းလှသော အတွေ့အကြုံမျိုး မရှိတော့ပါ
သို့သော် အဲံဒီအတွေ့အကြုံသည် ကျွန်တော့်နှလုံးသည့်ပွတ်ထဲတွင် ထာဝရစွဲမြဲသွားစေမည့်သင်ခန်းစာတစ်ခုပေးခဲ့သည်။နောင်တစ်သက်တာပတ်
လုံး အဖေ့ရှေ့မှောက်၌ မမှန်သောစကားကို တစိုးတစိမျှ ကျွန်တော်မဆိုဖြစ်တော့။။
ပြီးပါပြီ။။

စကားချပ်။ ။ ဖေမြင့်၏ နှလုံးသားအာဟာရ တတိရတွဲမှ

ပြည့်တန်ဆာ

Prostitution in Myanmar is a major social issue that particularly affects women and children.

Myanmar is a major source of prostitutes (an estimate of 20-30,000) in Thailand, with the majority of women trafficked taken to Ranong, which borders Myanmar at its south and Mae Sai, which is located at the eastern tip of Myanmar.[1][2] The majority of Burmese prostitutes in Thailand are from ethnic minorities.[2] Myanmar is also a source country of sex workers and forced labourers in China, Bangladesh, Taiwan, India, Malaysia, Korea, Macau, and Japan.[3] Internal trafficking of women for the purpose of prostitution occurs from rural villages to urban centres, military camps, border towns, and fishing villages.[3]

Women are often lured to prostitution with the promise of legitimate jobs, substantially higher pay, and because their low educational levels makes it difficult for them to find jobs elsewhere. In many instances, such women come from remote regions.[4]

In Yangon, prostitution often occurs in hotels that also operate as brothels. The recent appearance of massage parlours began in 1995, with ethnic minority groups such as the Wa running such businesses in particular.[5] Nightclubs are also frequented by prostitutes in Yangon, who work independently.[6] .......

Prostitution was banned in 1785, during the early Konbaung dynasty period.[7]

Under the Suppression of Prostitution Act, which was enacted in 1949, the act of soliciting or seducing in public is illegal, as is forcing or enticing women into prostitution or owning brothels. The Penal Code guarantees protection of female children from sexual abuse, with any persons found having sexual intercourse with a girl of under 14 years charged (with or without consent) charged with rape. The Child Law, enacted in 1993, raised the age of consensual sex to 16 and illegalizes prostitution. The Child Law also makes it a punishable offence to use children in the creation of pornographic materials. However, no laws currently protect boys.[8]

......Myanmar has the third highest HIV prevalence rate in Asia, after Cambodia and Thailand. Sex workers are particularly at risk, with 32% infected with the disease.

အပေါ်က စာတွေက ကျွန်တော် http://en.wikipedia.org/wiki/Prostitution_in_Myanmar က နေပြီး ကူးထားတာ။
ပြည့်တန်ဆာ=မကောင်းသောမိန်းမ၊-ာမ လို့  လူတွေကခေါ်ကြတယ်။ ကျွန်တော် ကတော့ မကောင်းတဲ့မိန်းမ၊-ာမ လို့ မခေါ်ဘူး ပြည့်တန်ဆာလို့  ပဲခေါ်မယ်...အင်းလေ သူတို့ အားလုံး မကောင်းတာမှ မဟုတ်တာ။ ဘ၀အခြေအနေကြောင့် မလုပ်ချင်ဘဲ လုပ်နေရတဲ့သူတွေလဲ ရှိတာပဲ။ နိုင်ငံတကာ မှာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် ခွင့်ပြုတယ်..ကျွန်တော်တို့  မြန်မာပြည် မှာတော့ ခွင့်မပြုဘူး ခင်ဗျ..အဲ အဲ့ဒီတော့ တရားမ၀င် ပြည့်တန်ဆာဆိုပြီး ပေါ်လာရော..ကဲ အဲ့ဒီတော့ ပိုမဆိုးသွားဘူးလားခင်ဗျ။ အဲ့ဒါတွေက အရေးမကြီးပါဘူး...ကျွန်တော်ပြောချင်တာက ပြည့်တန်ဆာလုပ်တဲ့ သူတွေကို ကျွန်တော် တို့ မြန်မာ လူမျိုးတွေက အထင်သေးကြတယ်..အထူးသဖြင့် ယောက်ျားတွေ ကအထင်သေးရင် ပိုဆိုတယ်... ကျွန်တော့် အထင် ပြည့်တန်ဆာတွေကို အထင်သေးတဲ့ ယောက်ျားတွေ က တော်တော့်ကို ကိုယ်ချင်းမစာ တတ်တဲ့ အထဲမှာ ပါမယ်ထင်တယ်။ ဟုတ်တယ်လေ..ပြည့်တန်ဆာတွေဆီ က၀န်ဆောင်မှုယူတော့ သူတို့ ပဲ ယူကြတာပဲ..ဘယ်သူမှယူတာ မဟုတ်ဘူး...မြန်မာစကားပုံ ရှိတယ် "အလုပ်ဟူသမျှ ဂုဏ်ရှိစွ" တဲ့..ဒါပေမယ့် ပြည့်တန်ဆာ အလုပ်ကြတော့ ဘာလို့ အထင်သေးကြလဲ မသိဘူး..သူလည်းအလုပ်၁ခု ပဲလေ..အထင်သေးစရာမရှိပါဘူး...ပြီးတော့ ပြည့်တန်ဆာလုပ်ငန်းဆို တာ အစောဆုံး လုပ်ငန်းလို့  ပြောလို့  ရတယ်...ဟိုရှေးဘုရင်တွေ လက်ထက်တည်းက တိုင်းပြည်၁ခု မှာ အချောဆုံးသူ ကိုရွေးပြီး တခြားတိုင်းပြည်တွေနဲ့  သံတမန်ဆက်ဆံတဲ့ အခါ မှာ ၀န်ဆောင်မှုပေးတဲ့ အနေ နဲ့ သုံးကြတယ်။ ပြည့်တန်ဆာ ကို လူတိုင်းက လုပ်ချင်လို့  လုပ်နေကြတယ်များ မှတ်နေလား မသိပါဘူး..ဘယ်သူက လုပ်ချင်မှာလဲ.. ကိုယ့် ဘ၀ အခြေအနေ ကြောင့်လုပ်နေ ကြတယ်သူချည်းပဲ။(ချွင်းချက် တချို့ တလေတော့ရှိမှာပေါ့လေ။) အခု ပိုဆိုး တာပေါ့။ မြန်မာပြည်မှာ စီးပွားရေး အခြေအနေက မကောင်း ဘူးဆိုတော့ ပြည့်တန်ဆာတွေပိုပေါလာတာပေါ့..လွန်ခဲ့တဲ့ ၃၊၄ နှစ်က အထည်ချုပ်စက်ရုံတွေ ပိတ်သွားတော့ အလုပ်လက်မဲ့တွေ ပိုများလာပြီး တော်တော်များများ ပြည့်တန်ဆာတွေ ဖြစ်လာကြတယ်။ တချို့ က လည်း ကိုယ့် အိမ်က မသိအောင် ခိုးလုပ်ကြတယ်...တချို့ ကြတော့လည်း အိမ်က သိသိကြီးနဲ့ မျက်စိမှိတ်ပြီး မသိချင်ယောင်ဆောင်ပေးရတာပေါ့..ဘယ်တတ်နိုင်မလဲလေ..စားဖို့ သောက်ဖို့ မှမရှိတာ..ဘယ်သူကမှတော့ ကိုယ့်သမီးကို ပြည့်တန်ဆာ လုပ်စားခိုင်းချင်ပါ့မလဲ... ကျွန်တော့် အနေနဲ့  တော့ ပြည့်တန်ဆာလုပ်ပြီး ကိုယ့်မိဘကို လုပ်ကျွေးနေတဲ့ သမီး က ဟေးလားဝါးလားနဲ့  မိဘပိုက်ဆံ ထိုင်ဖြုန်းနေတဲ့ သား ထက် အများကြီးပို မြင့်မြတ်တယ်..ဒါပေမယ့် society မှာ ကျတော့ လူတွေက ပြည့်တန်ဆာလုပ်တဲ့ သမီး ကိုအထင်သေးပြီးတော့ ဟိုသားကို ကျတော့ အထင်မသေးကြဘူး။ စဉ်းစားကြည့်ကြပါ ဘယ်သူက မိဘကို လုပ်ကျွေးနေလဲဆိုတာ..သူ့ ခမျာ HIV/AIDS ရောဂါတွေကြားမှာ စွန့် စားပြီးတော့သူ့ မိဘကိုလုပ်ကျွေးနေတာပါ၊သူ့ မိဘ ခမျာမှာ လည်း ကိုယ့်သမီး ပြည့်တန်ဆာလုပ်လို့ ရလာတဲ့ ငွေနဲ့ ဝယ်ကျွေးတဲ့ ထမင်းနှင့်ဟင်းကို မျက်လုံးစုံမှိတ်ပြီး မျိုချနေရတာပါ..အဲဒါကြောင့်ကျွန်တော်ပြောချင်တာက ပြည့်တန်ဆာဆို တိုင်း အထင်မသေးကြပါနဲ့ ..ကိုယ်ချင်းစာနာပေးကြပါ...ကိုယ်တတ်နိုင်သလောက်ကူညီကြပါ(ကူညီကြပါဆိုလို့ ငါကတော့ကူညီမယ်ဆိုပြီးတော့ သွားပျော်ပါးခိုင်းတာမဟုတ်ဘူး၊ တချို့ လူတွေကရှိသေးတယ် ကိုယ့်မှာ HIV/AIDS ရှိတယ်လဲသိရော သူများလည်းကူးအောင်ဆိုပြီးတော့ ပြည့်တန်ဆာနဲ့ သွားပျော်ပါးကြတယ်..အဲလိုမျိုးလုံးဝ မလုပ်သင့်ပါဘူး...ကိုယ့်မှာရှိတယ်ဆိုရင် ကိုယ်က မပြန့် ပွားအောင်ထိန်းသိမ်းရမှာပါ..ဖြန့် ဖြူးဖို့ မဟုတ်ပါဘူး)...ကိုယ့် ဆွေမျိုးသားချင်းတွေထဲမှာလည်း အဲ့လိုရှိခဲ့မယ် ဆိုရင် ဘယ်လို ခံစားရမလဲဆို တာ စဉ်းစားကြည့်ကြပါ။ ပြည့်တန်ဆာဆိုတာ လူတကာရဲ့ အထင်သေး တဲ့မျက်လုံးတွေအောက်မှာ ကိုယ့်ဘ၀ အတွက်ရုန်းကန်နေရတဲ့သူတွေပါ။ အခုနောက်ပိုင်းတော့ မြန်မာပြည်မှာလည်း NGO အဖွဲ့ တွေကနေပြီးတော့ပြည့်တန်ဆာတွေကို ပညာပေးတဲ့ လုပ်ငန်းတွေလုပ်နေကြပါပြီ..ဒါပေမယ့် အဲ့ဒါတွေက နယ်စပ်တွေမှာပါ။ ရန်ကုန်မြို့ တို့ လိုမြို့ ကြီးတွေမှာကြတော့ တရားမ၀င်လူမသိအောင်ခိုးလုပ်နေတာ(ခိုးလုပ်တယ်တာပြောတာဘာ လူတိုင်းသိပါတယ်..သူတို့ မဖမ်းရင်တော့အကောင်းပဲ)ဆိုတော့ အဲ့လိုပညာပေးလုပ်ငန်းတွေလုပ်လို့ မရသေးပါဘူး...ပြည့်တန်ဆာတိုင်း ကူးစက်ရောဂါတွေနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေကိုသိထားသင့်ပါတယ်။။...သြော်..လူတိုင်းလူတိုင်း ပြည့်တန်ဆာလုပ်ငန်းနှင့်ကင်းဝေးပါစေလို့ ဆုတောင်းရင်း........................


စကားချပ်။ ။ ဖိုရမ် ၁ခုတွင်ဖတ်မိရ်ျ idea ရသောကြောင့်ရေးသားခြင်းဖြစ်ပါသည်။။။

Wednesday, May 30, 2007

အမေးနှင့်အဖြေကိုသုံးသပ်ကြည့်ခြင်း

သူငယ်ချင်း ၁ယောက်ကမေးတယ်..... If you have it, you don't need to have anything else. If you don't have it, it doesn't matter much what else you do have.... သူငယ်ချင်း ၁ယောက် ကပြန်ဖြေတယ်...L-O-V-E ? i think so, Love can give to everyone that feel. နောက်သူငယ်ချင်း ယောက်ကလည်း ဖြေတယ်....I will say "satisfaction"!! Coz if you are satisfied with everything, why do you need more. Right?
But though Love can create "satisfaction" to an extant.!
ကဲ ကျွန်တော်ကတော့ မဖြေကြည့်တော့ဘူး... သူများဖြေထားတဲ့ အဖြေတွေကိုပဲ စဉ်းစားကြည့်တော့မယ်။ မေးတဲ့ သူကတော့ တော်တော်စဉ်းစားပြီးမေးတာ ဟုတ်လား မဟုတ်လားတော့မသိဘူး။ဖြေတဲ့သူ ကတော့ တော်တော်စဉ်းစားပြီးဖြေရမယ်..ထင်တာပြောတာပါ.. ဖြေတဲ့သူတွေက စဉ်းစားချင်မှလည်းစဉ်းစားမှာပေါ့.. ပထမ ၁ယောက် ရဲ့ အဖြေ ကိုအရင် သုံးသပ်ကြည့် ရအောင်... သူက "အချစ်" လို့  ဖြေတယ်။ မှန်တော့လည်းမှန်မှာပဲ။ သီချင်းတွေကဗျာ တွေမှာ ပါတာပဲ.. "အချစ်ရှိရင်ပြီးပြည့်စုံပြီ".. ကျွန်တော်သေချာ သာ ၁ခုရှိတယ်.. သူပြောတဲ့အချစ်ဆိုတာ ၁၅၀၀ အချစ်ဖြစ်မယ်။ စာတွေ ရုပ်ရှင်တွေထဲမှာတော့ဖြစ်နိုင်တယ်။ အချစ်က အရာအားလုံးကိုပေးစွမ်းနိုင်တယ်ဆိုတာ.. အပြင်မှာကျတော့ နဲနဲခက်ခဲမယ်ထင်တယ်...မဖြစ်နိုင်ဘူးရယ်လို့ တော့လည်းမဟုတ်ဘူး..ဖြစ်နိုင်ခြေတော့ရှိတယ်၊ နည်းတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ အချစ်က ဗိုက်မှ မ၀တာ..မယုံရင် စမ်းကြည့်ပါလား..ချစ်တယ်ချစ်တယ်ပြောပြီး ထမင်းမကျွေးဘဲ ၂ ရက်လောက်ထားကြည့်ပါလား..ခုနက ချစ်တယ်ဆို တာဘယ်ရောက်သွားမှန်းတောင်သိမှာမဟုတ်ဘူး။ လက်တွေ့ မှာကျတော့ ငွေရေး၊ကြေးရေး၊စားဝတ်နေရေး တွေပါ ထည့်စဉ်းစားရမှာကို။ရုပ်ရှင်တွေစာတွေထဲ မှာလို ဒါရိုက်တာတို့  စာရေးဆရာတို့  က ဇာတ်ကောင်တွေကို ထမင်း ကျွေးမှာမှ မဟုတ်တာ။ အဲဒါကြောင့် ကိုယ်က တကယ်ချစ်ပြီ ဆိုရင် သူ့ ဘ၀၊စားဝတ်နေရေး တွေပါ ထည့်စဉ်းစား ပေးရမယ်။ စဉ်းစားကြည့်မယ်ဆို ရင် ပထမ "အချစ်" လို့ ဖြေတဲ့ ၁ယောက် က ဆယ်ကျော်သက် ၂၀ ပတ်ဝန်းကျင် ဖြစ်ဖို့ များတယ်။(သူက အပြင်မှာ ကျွန်တော့်သူငယ်ချင်း ဆိုတော့ သူ့ အသက်ဘယ်လောက်ဆိုတာ ကျွန်တော်သိတာပေါ့၊ ဒါပေမယ့် မဆိုင်ပါဘူး။ သူ့ ဖြေကနေ သူ့ အသက် ကို မှန်းဆ လို့ ရပါတယ်) ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော် တို့ လို ဆယ်ကျော်သက် တော်တော်များများဟာ ဘ၀ အကြောင်း သိပ်မသိ ကြသေးပါဘူး။ ဒါပေမယ့် လူပျို ဖေါ်အပျိုဖေါ် ၀င် ချိန်ဖြစ်တဲ့ အတွက် ဟော်မုန်းတွေပြောင်းလဲမှုနဲ့  အတူ ကိုယ့်ရဲ့  ဆန့် ကျင်ဖက်လိင် ကို စိတ်ဝင်စား လာကြပါပြီ။ အဲ့ဒီမှာ သူတို့ တွေစ သိတာက အချစ်ဖြစ်ပါတယ်။ အချစ်ဝထ္ထုတွေ ဘာတွေဖတ်ပြီး ၀ထ္ထုတွေထဲကလို အချစ်ရှိရင် အရာရာပြီးပြည့်စုံ ပြီလို့ ထင်နေကြတာပါ။ အဲ့ဒီမှာ မမှားသင့်တာတွေမှား ကြပါတယ်။တကယ်တန်းကျတော့ ကိုယ့်ဘ၀ ကိုရုန်းကန်တဲ့ အခါ အချစ် ၁ခုတည်း နဲ့ လုံလောက် ချင်မှ လုံလောက်မှာပါ။ အချစ်က ကိုယ့်ဘ၀ ကို အောင်မြင်အောင်လည်းလုပ်နိုင်ပါတယ်။ လုံးပါးပါးသွားအောင်လည်းလုပ်နိုင်ပါတယ်။ ကိုယ်က အချစ်ရဲ့  စေစားမှုကို မခံဘဲ ကိုယ်ကသာ အချစ်ကို စေစားနိုင်မယ်ဆိုရင် လူတိုင်း သာယာတဲ့ အိမ်ထောင်ရေး ကို တည်ထောင်နိုင်မယ်ထင်တာပဲ။..ဒါကြောင့် ပထမ ၁ယောက် ရဲ့ အဖြေက အတိုင်းအတာ ၁ခု အထိမှန်တယ်လို့ ထင်ပါတယ်.. သူပြောတဲ့အချစ် သာ ၅၂၈ အချစ် မေတ္တာ ဖြစ်ခဲ့မယ်ဆိုရင် ပိုမှန်နိုင်ပါတယ်။ ဒါပေမယ့် ၅၂၈ အချစ်မေတ္တာ အပေးခံရ သူတွေဟာ သူတို့ ကို သူတို့  အပေးခံနေရမှန်းမသိတာများပါတယ်..အဲ့ဒါကြောင့် သိသာတဲ့ ၁၅၀၀ နောက် ကို လိုက်နေကြတာပါ။ တကယ်တော့ ၅၂၈ က ၁၅၀၀ ထက် အများကြီးသာပါတယ်။ ပိုလည်းအေးချမ်းပါတယ်..ကဲထားလိုက်ပါ..ဒုတိယ ၁ယောက်ရဲ့ အဖြေကို သုံးသပ်ကြည့်ရအောင်....သူကတော့ "လိုအင်ဆန္ဒပြည့်ဝမှု" လို့ ဖြေပါတယ်။ သူက ပထမ ၁ယောက်ဖြေ ပြီးမှ ဖြေတာပါ။ သူ့ အသက်ကို တော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် သေချာပါတယ် သူက ၂၅ ပတ်ဝန်းကျင်မှာဖြစ်ရမယ်။ ဘာဖြစ်လို့  လဲ ဆို တော့ သူ့ အဖြေ က ပထမ ၁ယောက် ထက်အနည်းငယ် ပို ရင့်ကျက်ပါတယ်( ဒါမှမဟုတ် သူကလည်း အချစ်လို့ ဘဲ ဖြေချင် ပေမယ့် ပထမ ၁ယောက်နဲ့  မတူအောင် ပို ပြီး ယေဘုယျ ကျတဲ့ အဖြေ ကို ဖြေတာလည်း ဖြစ်နိုင်ပါတယ်..ဘာဖြစ် လို့ လဲ ဆိုတော့ သူ့ အဖြေမှာ အချစ်ကလည်း လိုအင်ဆန္ဒပြည့်ဝမှုကိုပေးစွမ်းနိုင်တယ်လို့ ဖြေထားပါတယ်။)... သူ့ အဖြေကို ကြည့် ခြင်းအားဖြင့် သူဟာ ဘ၀မှာ အချစ် ၁ ခု ထဲ နဲ့ မလုံ လောက်ဘူးဆိုတာ သိနေပါပြီ။ ငွေရေး ကြေးရေး စားဝတ်နေရေး ပါ အဆင်ပြေမှ ရမယ်ဆို တာသိနေပါပြီ။ ဒါကြောင့် သူက လိုအင်ဆန္ဒပြည့်ဝမှု လို့ ဖြေတာ ဖြစ်နိုင်ပါတယ်။..သူ့ အဖြေကတော်တော်လေးမှန်ပါတယ်။ လူ၁ယောက်မှာ လိုအင်ဆန္ဒပြည့်ဝ ရင် ဘာမှ မလို တော့တာသေချာပါတယ်..ဒါပေမယ့် "လူ့ အလို နတ်မလိုက်နိုင်" တဲ့။ ၁ခု ပြည့်ဝသွားရင်တောင် နောက်၁ခု ကို လိုချင်နေဦးမှပါဘဲ။ ဒါကြောင့်လိုအင်ဆန္ဒပြည့်ဝ သွားတယ်ဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် ဒုတိယ တစ်ယောက်ရဲ့  အဖြေကလည်း ၁၀၀% မမှန်ပါဘူး။ ကျွန်တော် တော့ အဲ့မေးခွန်းကို မဖြေတတ်ဘူး ခင်ဗျ။ ဖြေတတ်သူများရှိရင်တော့ comment မှာဝင်ရေးသွား ကြပါ ခင်ဗျာ။ မေးတဲ့ သူက ဘယ်လို စဉ်းစားပြီး မေးလိုက် လဲတော့ မသိဘူး.. ဖြေတဲ့သူကတော့ တော်တော့် ကိုစဉ်းစားမှ တိကျတဲ့ အဖြေရလောက်တယ်.......မပြောတတ်ဘူးခင်ဗျ။ အခုတော့ ဗိုက်ဆာလာ လို့  ၁ခုခု သွားလုပ်စားပါတော့မယ်..ဆက်မရေးနိုင်တော့ပါဘူးခင်ဗျ.... :D :D º¿º

အားနာခြင်း

ကျွန်တော် က တော်တော် အားနာတတ် တဲ့အထဲ မှာပါတယ်။ အားနာတာမှ တော့်တော့် ကိုအားနာတာ။ မဆီမဆိုင် လည်း အားနာတာပဲ။ ဘာကြောင့် အားနာမှန်းကို မသိတာ။ ငယ်ငယ်တုန်း ကတော့ ဘယ်အားနာ မလဲနော်.. ငယ်သေးတာကို..လူကြီးတွေက ပြောတာပေါ့ လူဆိုတာ အားနာတတ်ရတယ် ဘာတယ်ပေါ့။ အဲ့ဒါနဲ့  နောက်ပိုင်း အားနာတတ်လာတာ။ ဒါပေမယ့် ကျွန်တော် အားနာတာ ကတော်တော်ကို လွန်နေတာ... အလကားနေရင်းနဲ့ ကို အားနာနေတယ်။ ဟီးဟီး...။ အားနာတာနဲ့ ပတ်သက်ပြီး ပြောရဦးမယ်။ အနောက်တိုင်း လူတွေက အားမနာတတ်ကြဘူး... ပွင့်ပွင့်လင်းလင်းပဲ။ အဲ့ဒါကြောင့်ဖြစ်မှာ တခြားဘာသာတော့မသိဘူး.. အင်္ဂလိပ် ဘာသာမှာတော့ အားနာတယ် ဆိုတဲ့ စကားလုံးရှာ လို့ ကိုမတွေဘူ့း ။ ကျွန်တော်မသိတာလဲ ဖြစ်ရင်ဖြစ်မှာပေါ့နော်။ အဲ့ဒါ ၁ခု တော့ သူတို့ ကတော်တော် ကောင်းတယ်။ ကျွန်တော် တို့ အာရှသား တွေကတော့အားနာတတ်ကြတယ်။ အာရှ ဘာသာစကားတွေမှာ အားနာတယ် ဆို တဲ့ စကားလုံးရှိတယ်။ တခြားလူမျိုးတော့မသိဘူး။ ကျွန်တော့်တို့  မြန်မာလူမျိုးကတော့ တော်တော် အားနာတတ်တဲ့ အထဲမှာပါတယ်။ ဘာတွေအားနာနေမှန်းကို မသိဘူး။ ကျွန်တော် လည်းအတူတူဘာဘဲ။ :P :P..... ကျွန်တော် စဉ်းစား ကြည့်တယ် ဘာဖြစ်လို့ အားနာရတာလဲဆိုတာ... ကျွန်တော့် အထင်တော့ အတင်း ပြန်ပြောခံရမှာဆိုးလို့ နဲ့ တူတယ်။ ဥပမာဗျာ..သူများကျွေးတိုင်း စားလို့ ရှိ ရင် အတင်းကတော့ ပြောခံရမှာပဲ သေချာတယ်။ ဒီလူကတော့ ဘာဖြစ်တယ် ညာဖြစ်တယ် သူများကျွေးတိုင်းစားတယ်။ အရှက်လည်း မရှိဘူးပေါ့...အဲ့လို မျိုးတွေပြောခံရမှာ ဆိုးလို့ နဲ့ တူတယ်။ အမှန်တော့ ဗျာ ကိုယ်စားချင်ရင်စားလိုက်ပေါ့ ဘာအားနာစရရှိလို့ လဲ။ ကျွေးတဲ့သူက အားနာလို့ ဟန်ဆောင်ပြီးကျွေးရင်တော့မပြောတတ်ဘူး။ တွေ့  လား ကျွေးတဲ့သူ ကလည်းအားနာနေတယ်..အမှန်တော့ဗျာ ကိုယ်ကျွေးချင်ရင်ကျွေးလိုက်ပေါ့...မကျွေးချင်ရင်ကကျွေးနဲ့ ပေါ့။ရှင်းနေတာပဲ။ ဘာအားနာစရာရှိလဲ။ ဒါပေမယ့် ကျွေးတဲ့သူကလည်း အတင်းပြောခံရ မှာဆိုးလို့ အားနာပါးနာကျွေးတာ ဖြစ်မှာပေါ့။ ပြောကြမှာပေါ့ ..ဧည့်သည်ကို ရှေ့ထားပြီး အိမ်ရှင် က သူချည်းဘဲစားနေတယ်တို့  ဘာတို့ ပေါ့။ ကျွန်တော့် အထင်တော့ အားနာတယ်ဆိုတာ အတင်းပြောတာက စတာဖြစ်မယ်။ ကိုယ်ကိုတိုင် က သူများအတင်းပြောတော့ သူများကိုလည်း ကိုယ့်လို ဘဲ အတင်းပြော မယ်ဆိုပြီး တွက်ကြမှာပေါ့။ လူတွေက သူများဘက် က စဉ်းစားပေးရင် များသောအားဖြင့် ကိုယ်တွေးနေကြအတိုင်း ဘဲ တွေးပြီး စဉ်းစားကြည့် တတ်ကြတယ်။ ပြောတော့တာသူများဘက်က လို့ သာပြော တာ ကိုယ့်အတွေးအခေါ်တွေနဲ့ ပဲ စဉ်းစားပြီး သူများဖြစ်ဖြစ်သွားကြတယ်။ အဲ့ဒါကြောင့် လူတိုင်း စုံထောက်ကောင်းမဖြစ်နိုင် သလို ပိရိ တဲ့ လူသတ်မားလည်းမဖြစ်နိုင်ဘူး။ လူသတ်သမား က သူသာ စုံထောက်ဆို ရင်ဘာ လုပ်မယ်ညာလုပ်မယ် ဆို ပြီး သူ လူ မသတ်ခင် စဉ်းစားမှာပဲ။ ဒါပေမယ့် စုံထောက်က ဘယ်လို စဉ်းစားမယ် ဆိုတာ သူမှအသေအချာ မသိတာ...အဲ့တော့ သူ စုံထောက်ဆိုပြီး စဉ်းစားထားတာတွေက များသောအားဖြင့် သူ့  အတွေးအခေါ် တွေဖြစ်နေမှာဘဲ။ အဲ့ဒါကြောင့် အမြဲတမ်း ဟာကွက်ဆိုပြီးရှိရှိနေတာ....ပြောရင်းပြောရင်းနဲ့  အားနာတာကနေ ဘယ်တွေလျှောက်ရောက်ကုန်ပြီလည်းမသိပါဘူး..ဖတ်နေတဲ့လူတွေကိုအားတောင်နာလာပြီ.. ဟီးဟီး :P :P.. ဒီတယောက်တော့အားနာတာကနေ ဘာတွေလျှောက်ရေးနေလဲ မသိဘူးလို့ ပြောခံရတော့မှာပဲ....တွေ့ လား ကျွန်တော်လည်း ဝေဖန်ခံရမှာကြောက်တယ်..ဘာဖြစ်လို့ လဲ ဆို တော့ ကျွန်တော်သာ စာဖတ်သူဆိုရင် အဲ့လို ဘဲ အပြောမိမှာဘဲ..လူတွေက ဝေဖန်ခံရတာ ကိုသာမကြိုက်တာ... ဝေဖန်ရတာကို တော့ တော်တော်ကြိုက်ကြတယ်။ ကျွန်တော်လည်း အရင်ကတော့ အဲ့လိုဘဲ ကိုယ်မကြိုက်ဘူး၊ကိုယ့်သဘောမကျဘူးဆိုရင်ပြောပစ်လိုက်တာဘဲ..အဲ ကိုယ်လုပ်တာကို လာပြောရင်တော့မကြိုက်ဘူးခင်ဗျ။ :D.. အခုနောက်ပိုင်းတော့ သူများကို အဲ့လို မပြောမိအောင်ကြိုးစားနေတယ်။ ဟုတ်တယ်လေ ..ကိုယ်တောင်မှ မကြိုက်တာ သူများကဘယ်လိုလုပ်ကြိုက်မှာလဲ။ အခုထိတော့မအောင်မြင်သေးပါဘူး။ တနေ့ နေ့ တော့အောင်မြင်မယ်ထင်တာဘဲ။..topic တောင် တော်တော် လွှဲသွားပြီ.. :P.. အင်းဘာဘဲ ပြောပြောလေ ကျွန်တော့် အထင်တော့ အားနာတယ်ဆိုတာ အတင်းပြောတာက စတာဖြစ်မယ်။အတင်း သာ မပြောဘူး ဆိုရင် အားနာတာလဲ သိပ်ရှိတော့မယ်မထင်ဘူး။။ အတင်း ကနေ အားနာ .. အားနာ ကနေ အတင်း ဆိုပြီး မုန့့် လုံးစက္ကူ ကပ်ဖြစ်နေတာ။။ ကျွန်တော် ကတော့ အတင်းလည်း အပြောမခံချင်ဘူး။ အားလည်းမနာချင်ဘူး။သူများအတင်းလည်း မပြောချင်ဘူး။ အားနာတာလည်းမခံချင်ဘူး.... တနေ့ နေ့ တော့ လူတိုင်း အဲ့ လိုဖြစ်ရင်ကောင်းမယ်ဗျာ။

ကျွန်တော်နှင့်အိမ်

ူလူတော်တော်များများသည် အပြင်လျှောက်လည်ရသည် ကိုကြိုက်သည်။ ခရီးထွက်ရသည် ကိုလည်း ကြိုက်တတ်ကြသည်။ အပြင်လျှောက်လည်လျှင် စိတ်ပေါ့ပါးမှုကို ရသည်။ ခရီးထွက် လျှင် စိတ်အပန်းပြေသည် ဟုပြောကြသည်။ ကျွန်တော့်အတွက် ဆိုလျှင် အပြင်လျှောက်လည်ရသည်ကို သဘောမကျ။ ခရီးထွက်ရသည်ကတော့ မဆိုး ဒါပေမယ့် ခရီးသွားရသည်မှာ ပင်ပန်းသည်။ ကိုယ်သွားချင်တဲ့ နေရာကို teleport လုပ်လို့ ရရင်တော့ကောင်းမယ်။ :D ..... ကျွန်တော်ကတော့ အိမ်ကိုပို ကြိုက်သည်။ အိမ်ဆိုတာ home ကို ပြောတာ house ကို ပြောတာမဟုတ်ဘူး။ ကိုယ့်မိသားစု နဲ့  အေးအေး ဆေးဆေး နေရ သည် ကိုက နွေးထွေးပျော် ရွှင်မှုရှိသည်။ သင်္ကြန်ဆိုလျှင် ကျွန်တော် အိမ်မှာဘဲနေလေ့ရှိသည်။ ဂိမ်းဆိုင် ၃၊၄ နာရီသွားတာတော့ရှိသည်။ သို့ သော်အိမ်မှာနေသည်က ပိုများသည်။ သင်္ကြန်ဆိုတော့ ကျွန်တော့် တမိသားစု လုံးအားကြသည်။ အိမ်မှာ မုန့် မျိုးစုံ လုပ်စားကြသည်။ အေးအေးဆေးဆေး ထွေရာလေးပါး လျှောက်ပြောကြသည်။ ဘာဘဲ ပြောပြော ရေပက်ခံထွက်ရ တာတို့ ၊ မဏ္ဍပ် ထိုင်ရတာတို့ ထက် တော့ ပိုပျော်ဖို့ ကောင်း သည်။ အိမ်သည်သာ ကျွန်တော့်အတွက် အနွေးထွေး ဆုံးနေရာဖြစ်မည်ထင်သည်။ အိမ်ကတော့ ပြောသား မင်းအိမ် မှာချည်း ဘဲ ကုပ်မနေနဲ့  အပြင်လေ ဘာလေ ထွက်လည် ဦးတဲ့။ ပြောသာပြောရတာ အိမ်မှာနေရတာက ပိုပျော်ဖို့  ကောင်းတယ်။ အပြင်ထွက်လည် လည်း ဘယ်မှမသွားချင်ဘူး။ ဟီးဟီး ဂိမ်းဆိုင်သွားရတာတော့ ပျော်ဖို့ ကောင်း တယ်။ ဂိမ်းဆိုင် ကို အားလို့  သွားလျှင် တခါ တလေ ၁၀ နာရီ ၁၂နာရီလောက် ကြာတတ်သည်။ ဘာပဲ ပြောပြောပါ အိမ်မှာ နေရ တာလောက်ပျော်ဖို့  မကောင်း ဘူး။ အင်းလေ... ဟုတ်တော့လည်းဟုတ်သည် အိမ်ကတော့ အိမ်ဘာဘဲ။။....... HOME SWEET HOME!!!

Tuesday, May 29, 2007

အဆင်ပြေသွားပြီ

အဆင်ပြေသွားပါပြီ။ thz again ပါ ကိုစေတန် အခုလို ဂရုတစိုက် စိတ်ရှည် လက်ရှည်ကူညီတဲ့အတွက်။

Saturday, May 26, 2007

စတင်ခြင်း

ကွ်ျ blog ဖြစ်မြောက်အောင် ကူညီပေးခဲ့သော ကိုစေတန်ဂေါ့ ၊ blog ရေးချင်စိတ်ဖြစ်အောင် နှိုးဆွပေးခဲ့သော၊ကျွန်တော်အမြဲဖတ်သော ကိုမောင်လှ blog နှင့် ကို စေတန်ဂေါ့ blog ၊ blog ရေးရန်လိုအပ်သော ကျွန်တော်၏ အမြင်အာရုံ၊လက်နှစ်ဘက်၊ဦးဏှောက်၊ နှင့် အခြားခြားသော သက်ရှိသက်မဲ့အရာဝထ္ထုများအားကျေးဇူးတင်ရှိပါကြောင်း။။။။

စကားချပ်။ ။ မြန်မာရုပ်ရှင်ကားများကိုအားကျသောကြောင့်ရေးကြည့်ခြင်းဖြစ်ပါသည်။