ကျွန်တော်စဉ်းစားကြည့်နေတယ်။ ကျွန်တော်အရှေ့ မှာ ရေးခဲ့တာတွေ အကုန်လုံးလိုလို က လူတွေရဲ့ အပြုအမူပေါ် ကျွန်တော့်ရဲ့ မကျေနပ်ချက်တွေချည်းပဲနေသလိုဖြစ်နေတယ်။ တနည်းအားဖြင့်ပြောရင် ကျွန်တော့်မှာ မကောင်းမြင်ဝါဒီ စိုးမိုး နေသလိုဖြစ်နေတယ်။ ကျွန်တော့် ထင်မြင်ချက်တွေ၊ ခံစားချက်တွေမပါပဲ လူတွေ လုပ်လေ့လုပ်ထရှိတယ်ဆိုပြီး ရေးခဲ့တာများတယ်။ စစရေးတုန်းကတော့ ကျေနပ်သွားသလိုခံစားရတယ်။ အဲဒါကြောင့်လဲ ဆက်ရေးဖြစ်တာပါ။ ဒါပေမယ့် တဖြေးဖြေးနဲ့  အဲ့လို ရေးတာတွေက အဓိပ္ပာယ်မရှိဖူးလို့ ထင်နေတယ်။ စဉ်းစားကြည့်တော့လည်းအကျိုးမရှိသလိုပဲ။ သူများတွေ လုပ်နေတာကို ကိုယ်က မကျေနပ်ဖူးဆိုပြီး ထိုင်ရေးနေတော့ ဘာမှ အကျိုးမထူးပါဖူး။ ကျွန်တော် အကောင်းမြင်တတ်အောင် ကြိုးစားကြည့်တယ်(ကြိုးလည်းကြိုးစားနေတုန်းပဲ)။ ဒါပေမယ့် အဆိုးတွေကို ပဲ မြင်တတ်လာသလိုပဲ။ ဒါကြောင့် ကျွန်တော်အကောင်းမြင်တတ်အောင် ကြိုးစားနေတဲ့ နည်းက မမှန်လိုပဲလား။ ဒါမှမဟုတ် အကောင်းမြင်ဝါဒီကို မရရှိခင် အဆိုးမြင်ဝါဒီကို အရင်ရရှိတာလား ဆိုတာတော့ မပြောတတ်ဖူး။ တနည်းအားဖြင့်ပြောရင် ကျွန်တော်က ကြောင်တောင်တောင်အတွေးအခေါ်တွေ နဲ့ပြည့်နေပြီးတော့ စိတ်ကူးယဉ်ဆန် နေသလိုပဲ။ တကယ်လည်း စိတ်ကူးယဉ်ဆန်နေတာပါ။ တနေ့ တနေ့  စိတ်ကူးတာကများနေပြီးတော့ အပျင်းထူနေတယ်။ ဒါကြောင့် ဘာအလုပ်ကိုမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်ဖြစ်ဖူး။ ဘာကိုမှ မကျေနပ်တဲ့ လူတစ်ယောက်လိုဖြစ်နေတယ်။ ဒါကြောင့် နောက်ပိုင်းကျွန်တော်ရေးရင် ကျွန်တော်လုပ်မယ်လိုစဉ်းစားထားတာတွေ(များသောအားဖြင့်ကျွန်တော့်ဘ၀အတွက်) ဟာတွေပဲရေးတော့ရင်ကောင်းမလားလို့ စဉ်းစားနေတယ်။ စိတ်ထဲမှာလဲ ဇဝေဇ၀ါတွေဖြစ်နေတယ်။ ကျွန်တော် က ဘာအလုပ်ပဲလုပ်လုပ် အမြဲတမ်းဇဝေဇ၀ါဖြစ်တတ်တယ်။ ကျွန်တော်အရင်က စဉ်းစားကြည့်တာ အကြောင်းအရာတစ်ခုခု ကို ဘက်ပေါင်းစုံက မြင်တတ်ရင်(ဥပမာ - "ပ" ကို "၁"၊"ပ"၊"င"၊"ဂ" လို့ မြင်အောင်ကြည့်တာမျိုးလိုပေါ့။ ဒါပေမယ် တကယ်ဘက်ပေါင်းစုံကြည့်ရင် "ပ" က ၄မျိုးမကပါဖူး။ ဒိုင်းမန်းရှင်းတွေပါတွေပါထည့်ပြီးစဉ်းစားရင်ပြောတာပါ။ ထားလိုက်ပါ။ အဲ့ဒါက အရေးမကြီးပါဖူး။) ကျွန်တော့် အတွက် အကျိုးတော်တော်ရှိမယ်လို့ ထင်ခဲ့တယ်။ အဲဒါကြောင့်လည်းမြင်တတ်အောင်ကြိုးစားခဲ့တယ်။ ခေါင်းအေးအေးနဲ့ စဉ်းစားမယ်ဆိုရင် အတိုင်းအတာတစ်ခုထိတော့မြင်တတ်နေပြီထင်တာပဲ။ တကယ်တမ်းလက်တွေ့ မှာကြတော့ အကျိုးရလဒ်အနေနဲ့  ဆုံးဖြတ်ချက်တွေက မပြတ်သားဝူးဖြစ်နေတတ်တယ်။ စကားပြောရင်တောင်ပြတ်ပြတ်သားသားမရှိဝူးဖြစ်နေတယ်။ တစ်ခါတစ်လေ ကိုယ်ထင်တာတွေကို ပြောရင် သူများတွေ အနေနဲ့ ဘုကလန့် ကျသလိုဖြစ်နေတယ်။ အခုတောင် အဲ့လို ဘက်ပေါင်းစုံကမြင်တတ်အောင် ဆက်ကြိုးစားရင်ကောင်းမလား။ မကောင်းဖူးလားဆိုတာ ဇဝေဇ၀ါဖြစ်နေတယ်။ ကျွန်တော်စဉ်းစားနေတာတွေရော စဉ်းစားထားတာတွေရောက တော့အများကြီးရှိတယ်။ စိတ်ကူးနေရတာကို က ကျွန်တော့်ဝါသနာလိုဖြစ်နေတယ်။ အဲ့လိုမျိုးစဉ်းစားတာက ကောင်းလားမကောင်းလားမသိဝူးဖြစ်နေတယ်။ Thomas A. Edison ကတော့ပြောတယ်။ သူအောင်မြင်မှုရတာဟာ စဉ်းစားမှု ၂၀%၊ လက်တွေ့ လုပ်ဆောင်မှု ၈၀% လို့ ပြောတယ်။ Albert Einstein က တော့ပြောတယ်။ သူ ကတော့ စဉ်းစားမှု ၈၀%၊ လက်တွေ့ လုပ်ဆောင်မှု ၂၀% တဲ့။ (% များသည် ဖတ်လို့ ကောင်းအောင် အကြမ်းဖျင်းရေးခြင်းဖြစ်သည။်) သူတို့ ၂ယောက်စလုံးက သူတို့ ဘ၀မှာ အောင်မြင်ခဲ့သူတွေချည်းပဲ။ စဉ်းစားတာ ကောင်းလားမကောင်းဖူးလား ဆိုတာကို စဉ်းစားနေတာကိုက တစ်ခါတစ်လေ ခွကျကျနိုင်တယ်။ ဒါဆို စဉ်းစားနေတာကမှ ကြာဦးမယ်။ လုပ်လိုက်တာကမှမြန်ဦးမယ်လို ပြော နေဦးမယ်။ ဒါပေမယ် ဘက်ပေါင်းစုံက မြင်အောင်ကြိုးစားနေတဲ့ လူတစ်ယောက်အတွက်တစ်ခါတစ်လေကျတော့ ခက်ခဲနေတယ်။ (အပျင်းကြီးနေတာလဲဖြစ်မှာပေါ့နော်။) တစ်ခါတစ်လေ စဉ်းစားရင်း စဉ်းစားရင်းနဲ့  အရာအားလုံးဟာ ဘာမှမဟုတ်သလိုဖြစ်လာတယ်။ ဘာမှအရေးမကြီးတော့သလိုဖြစ်လာတယ်။ (တရားပေါက်သွားတာတော့မဖြစ်နိုင်ဖူး။ အပျင်းပိုထူလာတာဖြစ်မယ်။) ဒါနဲ့  "နဂါးနိုင်ဓါး" အခန်းဆက်ကိုသိတယ်မလား။ အဲ့မှာ ကျန်းဝူကျိကို သူ့ အဖိုးဆရာ ကျန်းဆန်းဖုန်း က ရန်သူတွေနဲ့ ချခါနီးမှာ ထိုက်ကျိသိုင်းသင်ပေးတယ်။ ပြီးတော့မေးတယ်...ခုနပြလိုက်တဲ့ အထဲမှာ သိုင်းကွက်ဘယ်လောက်မှတ်မိလဲလို့ မေးတယ်။ ကျန်းဝူကျိက တော်တော်များများမှတ်မိတယ်လိုဖြေတယ်။ နောက်တစ်ခေါက်ထပ်ပြတယ်။ ပြီးတော့မေးတယ်။ တ၀က်လောက်ပဲ မှတ်မိတယ်လိုပြောတယ်။ နောက်တစ်ခေါက်ထပ်ပြတယ်။ ပြီးတော့မေးတယ်။ တော်တော်များများမေ့သွားပြီလို့ ပြောတယ်။ ဒါကိုကြည့်ရင် အစတုံးက ကိုယ့်ဟာကိုယ်တတ်လှပြီလို့ ထင်တယ်။ နောက်တော့တဖြည်းဖြည်းနဲ့ မတတ်မသိသေးပါလားဆိုပြီးတော့ဖြစ်လာတယ်။ အရင်တုန်းက သူများထက် ဘယ်လောက်ထူးခြားအောင်လုပ်လုပ် နောက်ဆုံးမှာတော့ အများနည်းတူပြန်ဖြစ်ရတာပါပဲ။ တနည်းအားဖြင့် အစကိုပြန်ရောက်သွားသလို ပါပဲ။ ကျွန်တော်တို့ လို လူငယ်တွေမှာ လည်း သူများနဲ့ မတူအောင် ထူးထူးခြားခြားလုပ်ချင်ကြတာပါပဲ။ အစစအရာရာပေါ့နော်...အ၀တ်အစား၊ဒီဇိုင်း၊အနေအထား စသည်ဖြင့်ပေါ့လေ။ နောက်ဆုံးတော့ လဲ ဒီဘူတာပဲပြန်ဆိုက်ရတာပါပဲ။ ဘယ်လောက်ပဲထူးခြားထူးခြား သေတော့အတူတူပဲဆိုတာလိုမျိုးပေါ့။ တနည်းအားဖြင့်ပြောရင်ပြောင်းလဲနေတာပေါ့နော်။ မျဉ်းဖြောင့်အတိုင်းပြောင်းလဲနေတာတော့မဟုတ်ဖူး။ စက်ဝိုင်းလိုမျိုးပြောင်းလဲနေတာ။ ဒီထဲမှာပဲပတ် နေသလိုပေါ့။ လူတိုင်းပြောင်းလဲရတာပါပဲ။ အသက်၊စိတ်နေစိတ်ထား၊အတွေးအခေါ် စသည်ဖြင့်ပေါ့လေ။ ကျွန်တော့် အနေနဲ့ က အဲ့ပြောင်းလဲမှုကို ကိုယ်က ထိန်းချုပ်မလား။ ဒါမှမဟုတ် ပြောင်းလဲမှုကပဲ ကိုယ့်ကို ထိန်းချုပ်တာကို ခံမလားဆိုတာပါပဲ။ ကျွန်တော်ကတော့ ပြောင်းလဲမှုကိုထိန်းချုပ်ချင်တယ်။ အဲ့ဒါကြောင့် ပြောင်းလဲမှု မစခင် (တနည်းအားဖြင့် ပြောင်းလဲမှုက ထိန်းချုပ်ပြီး ကိုယ်မသိပဲပြောင်းလဲမှု မစခင်) ကိုယ်က တစ်ခုခုကိုတော့ အမြဲတမ်းလိုလိုပြောင်းလဲရပါတယ်။ လက်တွေ့ မှာကျတော့ကျွန်တော်က ပြောင်းလဲမှုကိုမကြိုက်ဖူးလိုဖြစ်နေပါတယ်။ မပြောတတ်သေးပါဖူးဗျာ။ အခုတော့ ဒီလောက်ပဲရေးလို့ ရတော့တယ်။ နောက်တော့ထပ်ရေးတာပေါ့ဗျာ။
Saturday, July 28, 2007
Subscribe to:
Post Comments (Atom)
1 comment:
ပုဂံသားရေ…သိပ်မတွေးနဲ့ ဟ….ငယ်ငယ်လေးရှိသေးတယ်….ဆံပင်ဖြူကုန်မယ်….
Post a Comment