Sunday, July 8, 2007

Behind the scene

ဘာမှတော့မဟုတ်ပါဘူး။ ကျွန်တော်တွေးမိတာလေးကိုရေးကြည့်တာပါ။ ကျွန်တော်အခုပြောမယ့်ဟာတွေက မိဘမေတ္တာ၊ သားသမီးအချစ်တွေနဲ့ လုံးဝမဆိုင်ပါဖူး။ လူတွေမှာဖြစ်တတ်တယ်ထင်တာတွေကိုပြောကြည့်တာပါ။ ကျွန်တော့်ရဲ့ သိမ်နုပ်တဲ့ အတွေးတစ်စကြောင့် ကြီးကျယ်ခမ်းနားတဲ့ မိဘမေတ္တာကို မထိခိုက်စေချင်ပါဖူး။ မည်သူတစ်ဦးတစ်ယောက်မျှကိုလည်း မထိခိုက်စေချင်ပါဖူး။ ထိခိုက်အောင်လည်း ကျွန်တော်ဘယ်တော့မှမလုပ်ပါဖူး။....စကားပုံတစ်ခုရှိတယ်(စကားပုံလို့ ထင်တာပဲ) ကြားဖူးမှာပါ။ "သားသမီးမကောင်းမိဘခေါင်း" ဆိုတာလေ။ ကျွန်တော့်အတွက်တော့ သားသမီးမကောင်းတာ နဲ့ သူ့ မိဘကို အပြစ်တင်စရာအကြောင်းမရှိပါဝူး။ မိဘတွေအကုန်လုံးကတော့ ကိုယ့်သားသမီးကို ကောင်းစေချင်တာပဲ။ ကောင်းအောင်လဲ ကြိုးစားတာပဲ။ ပြောဆိုဆုံးမမှာပဲ။ တစ်ဦးတစ်ယောက်ကောင်းတယ်မကောင်းဖူးဆိုတာ ယင်း တစ်ဦးတစ်ယောက် နဲ့ သာဆိုင်ပါတယ်။ တခြားသူနဲ့ မဆိုင်ပါဖူး။..... တချို့ လူကြီးတွေက အဲ့စကားပုံကိုပြောပြီးဆုံးမတတ်ကြတယ်။ သူတို့ စိတ်ထဲမှာ ဘာတွေးလဲဆိုတော့ သူတို့ ဆုံးမနေတဲ့ လူကြောင့်သူတို့ ကို လူအပြောမခံချင်ကြဖူး။ ကဲ့ရဲ့ မခံချင်ကြဖူး။ ပြီးတော့ သူတို့ ဆုံးမတဲ့လူကိုလည်းကောင်းစေချင်တယ်။ လူအပြောမခံချင်တဲ့ဘက်ကိုတော့ ရာခိုင်နှုန်းနည်းနည်းပိုများပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ လူတိုင်းမှာ အတ္တဆိုတာရှိလို့ ပါပဲ။ တကယ်လို့  ကိုယ်နဲ့ မသက်ဆိုင်တဲ့လူတစ်ယောက်ကိုယ့်ရှေ့မှာ ဆိုးပြနေရင် ဘယ်လို မှမခံစားရပါဖူး။(များသောအားဖြင့်) ဘာဖြစ်လို့ လဲဆိုတော့ ကိုယ်နဲ့ သိမှမသိတာ အဲ့တော့အရှက်ရစရာကြောင်းလဲမရှိဖူးပေါ့။ အဲ့တော့ ဘာမှမခံစားရတော့ဖူးပေါ့ဗျာ။ ဒါကြောင့် လူတစ်ယောက်က လူ တစ်ယောက်ကိုဆုံးမတယ်ဆိုတာ...အပြင်ပိုင်းမှာတော့ သူ့ ကိုကောင်းစေချင်တာပါ။ နောက်ကွယ်မှာကတော့ သူ့ဂုဏ်သိက္ခာ(ဆုံးမတဲ့လူရဲ့ ဂုဏ်သိက္ခာ)ကို မထိခိုက်စေချင်တာပါ။ နောက်ဖြစ်လေ့ဖြစ်ထရှိတဲ့ တစ်ခုကတော့ သားသမီးတွေက ကိုယ့်မိဘတွေကိုပြောတတ်ကြပါတယ်။... အဖေကလည်းရှက်စရာကြီး၊ အမေကလည်းခေတ်မမှီဖူး၊နောက် အဖေနဲ့ အမေက ငါတို့ ကိုလည်းနည်းမလည်ဖူး.. တို့ ဘာတို့ ပေါ့။ အဲ့ပြဿနာတွေဘာဖြစ်လို့ ဖြစ်ရသလဲဆိုရင် အတ္တကြောင့်ပါပဲ။ ကိုယ့်ကိုယ်ကိုသာကြည့်ပြီးသူများဖက်ကနေမစဉ်းစားကြလို့ ပါ။ ဥပမာ..ကိုယ့်အရှေ့မှာ အခြားမိဘတစ်ယောက်က ကိုယ်မကြိုက်တဲ့(ကိုယ့်မိဘသာဆို အရှက်ရတယ်လို့ ထင်တဲ့) အပြုအမူကို လာလုပ်ရင်ဘယ်လို မှမခံစားရပါဖူး။ အရှက်ရစရာလို့ လဲ မခံစားရပါဖူး။ ဘာဖြစ်လို့ လဲဆိုတော့ ကိုယ်နဲ့ မပတ်သက်လို့ ပဲဖြစ်ပါတယ်။ ကိုယ်အရှေ့မှာလူတစ်ယောက်က အရှက်ရစရာတစ်ခုခုကိုလာလုပ်နေဦးတော့ အကယ်၍ အဲ့လူနဲ့ ကိုယ်နဲ့ ကဘာမှပတ်သက်မှုမရှိဖူးဆိုရင်ကိုယ့်အနေနဲ့ ဘာမှမခံစားရပါဖူး။ ကိုယ်က အရှက်ရစေတယ်လို့ ခံစားရတယ်ဆိုကတည်းက အဲ့လူနဲ့ ကိုယ်က ပတ်သက်နေလို့ ပါ။ အဲ့ဒါကြောင့် လူတစ်ယောက်က ကိုယ့်ကို အရှက်ရစေတယ်ဆိုတာ ကိုယ့်အတ္တကြောင့်သာ ကိုယ်က အဲ့လူအပေါ်ထားရှိလိုက်တဲ့အမြင်တစ်ခုသာဖြစ်ပါတယ်။ သူများကြောင့်ကိုယ့်ကောင်းကျိုးကို လာမထိခိုက်စေချင်ပါဖူး။ ဒါကလူ့ သဘာဝ၊လူ့ အတ္တပါပဲ။ လူတွေအပြင်ပိုင်းမှာ ဒီလူကတော့ကိုယ့်ကို ဘယ်လိုအရှက်ရစေတယ်၊ ဒီလူ့ လုပ်ရပ်ကတော့ကိုယ့်ကို ဘယ်လိုအရှက်ရတယ်၊ ဒီလူက ဒါကိုမလုပ်သင့်ဖူး။ လုပ်လိုက်ရင် အရှက်ရစေတယ် လို့ ပြောနေကြတာဟာ အတွင်းပိုင်းမှာတော့ ကိုယ့်ဂုဏ်သိက္ခာကို မထိခိုက်စေချင်ကြတာပါ။ ကိုယ့်ကောင်းကျိုးကိုသာ မျှော်ကိုးတဲ့ ကိုယ့်အတ္တကြောင့်သာဖြစ်ပါတယ်။ နောက်တစ်ခု လူ တစ်ယောက်ကိုဝေဖန်တာ(ဝေဖန်တယ်ဆိုတာ သုံးသပ်တာမဟုတ်ပါဖူး။ သုံးသပ်တာနဲ့ ဝေဖန်တာဟာဆီနဲ့ ရေလို့ ကွာပါတယ်။ သုံးသပ်တယ်ဆိုတာ အကောင်းရော အဆိုးရောကိုမြင်အောင်ကြည့်တာပါ။ ဝေဖန်တာကတော့များသောအားဖြင့် တစ်ဖက်တည်းကိုပဲကြည့်တတ်ပါတယ်။)၊အပြစ်တင်တာ၊ အဲ့လူရဲ့ လုပ်ရပ်တွေကို ဝေဖန်တာ၊အပြစ်တင်တာ တွေအကုန်လုံးကလည်း အတ္တကြောင့်သာဖြစ်ပါတယ်။ တနည်းအားဖြင့် ကိုယ့်ကောင်းကျိုးကိုထိခိုက်မှာစိုးလို့ သာ ဝေဖန်တာ၊ အပြစ်တင်တာပါ။ ၁၅၀၀ အချစ်ကို မီးလိုပူတယ်ပြောပြီး ၅၂၈ ချစ်ခြင်းမေတ္တာ ကို ရေလိုအေးမြတယ်လို့ ပြောတာလဲ အတ္တကြောင့်ပါပဲ။ ဘာဖြစ်လို့ လဲဆိုတော့ ၁၅၀၀ အချစ်မှာ အတ္တတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ ဒါကြောင့်မီးလို ပူပြင်းတာပါ။ ၅၂၈ ချစ်ခြင်းမေတ္တာမှာကျတော့ အတ္တမရှိပါဖူး။ဒါကြောင့်ရေလို အေးမြတာပါ။ကိုယ်က လူတစ်ယောက်ကို ဒီလူကတော့အတ္တကြီးလိုက်တာလို့ ပြော တာဟာ ကိုယ်ကိုတိုင်ကလည်းအတ္တ ကြီးနေလို့  သူ့ ကိုလည်းအတ္တကြီးတယ်လို့ အပြစ်တင်တာပါ။ တနည်းအားဖြင့်ပြောရင်သေဖော်သေဖက်ညှိတယ်ပေါ့ဗျာ။ အတ္တကို ပုထုဇဉ် တစ်ယောက်အနေနဲ့ ဖြတ်ဖို့ ဆိုတာမလွယ်လှပါဖူး။ ဒါပေမယ့် အတိုင်းအတာတစ်ခုအထိတော့ လျှော့ချ လို့ ရမယ်လို့ တော့ကျွန်တော်ထင်တယ်။

စကားချပ်။ ။ ကွန်ပြူတာသမားများသည် analysts(သုံးသပ်သူများ) ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပရိုဂရမ်ရေးလျှင် analyze အရင်လုပ်ရသောကြောင့်ဖြစ်သည်။ ဟီးဟီး :P

6 comments:

Anonymous said...

မြင့်နေဒယ်.. နေအုံး လှေကားတွားယူလိုက် အုံးမယ်..ဟီးး
မှန်ပါ့.. မောင်လေးတောင် အဲ့လောက် တွေးတတ် ခေါ်တတ် နေပီပဲ.. ဒွတ်

ဆိုးပေ said...

အင်း ... တွေးလို့ကောင်းတဲ့ post ပဲဗျ ... အားလုံးက အတ္တမှာ အခြေတည်နေကြတာပဲနော် ... ကျေးဇူးဗျာ ..

Htoo Tay Zar said...

သားသမီး မကောင်းမိဘခေါင်းဆိုတာပဲ ဆိုင်တော့ မဆိုင်ပါဘူးဗျာ မိဘမဲ့ပြီး တစ်ကောင်ကြွ့်ဆိုးမိုက်နေတာတွေ ကျတော့ ပြောလို့ဘယ်ရမလဲနော့

Layma said...

အစ်မရဲ့ အတ္တကို ရှေ့တန်းမတင်ဘဲ ပုဂံသားတောင်းဆိုတဲ့ စွပ်ပြုတ်လေးကို အစ်မတင်ပေးလိုက်ပါတယ်နော်……ဒါပေမယ့်လေ….အဲဒီထဲမှာ အစ်မရဲ့ အတ္တလေးတွေ နဲနဲ ပါသွားတာကိုတော့ ခွင့်လွှတ်ပေးပါကွယ်…….

hnin said...

သိုးလေးထင်တာတော့ နားလည်မှုပါပဲ။ 1500 တွေ 528 တွေ ခွဲလို့ခြားလို့ မသိပါဘူး။ နားလည်မှုသာ အဓိကလို့ ထင်တာပဲ။ ဟဲဟဲ...

Doughnut IO said...

အေးအေး . ဘယ်နေ့တော့ ချောင်းရိုက်ခံရမလဲ မသိဘူး