Thursday, June 28, 2007
စ၍ကားသောအရာများကိုပုံထားခြင်း = စကားပုံ
A good artist copies; A great artist steals.
အထက်ပါစကားပုံ(ကျွန်တော် အဲ့ဒါကို စကားပုံလို့ ပဲခေါ်လိုက်မယ်။ စကားပုံဟုတ်မဟုတ်တော့ကျွန်တော်လည်း သေချာမသိဘူး။ ပန်းချီဆရာကြီး Vandor ကပြောခဲ့တာလို့ ပြောတာပဲ။) သည် စတီးဗ်ဂျော့စ်,Steve Jobs,(apple ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ) နှင့် ဘီလ်ဂိတ်, Bill Gates,(microsoft ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ) နှစ်ဦးစလုံး သုံးစွဲ ခဲ့သော စကားဖြစ်ပါသည်။ စတီးဗ်ဂျော့ ဟာ personal computer ကို စတင်မိတ်ဆက်ခဲ့သူဖြစ်ပါတယ်။ အဲ့ ကွန်ပြူတာကြောင့် ပဲ သူဟာ ပန်းသီး ကုမ္ပဏီ ကိုတည်ထောင်နိုင်ခဲ့ပြီး ပန်းသီးဟာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင် လျင်မြန်စွာ ကြီးထွားလာခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ၁၉၈၅ ခုနှစ်မှာ ပန်းသီးမှ အလုပ်ထုတ်ပစ်ခြင်းခံရပြီး ၁၉၉၇ ခုနှစ်မှာ ပန်းသီးကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ ဒါကတော့ သူ့ ရာဇ၀င် အကျဉ်းပါ။ ဘီလ်ဂိတ်အကြောင်းက တော့ လူတိုင်းသိမယ်ထင်ပါတယ်။ ဒါကြောင့်ကျွန်တော်မပြောတော့ပါဘူး။ ဒါနဲ့  စတီးဗ်ဂျော့ဟာ University of California, Berkeley မှ drop out လုပ်ခဲ့သူဖြစ်ပြီး ဘီလ်ဂိတ်ကတော့ Harvard University မှ drop out လုပ်ခဲ့သူဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ သူ့ ခေတ်သူ့ အခါ မှာ ပါရမီရှင် လို့ ခေါ်ရ အောင်မြင်ကျော်ကြားခဲ့တဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် ဘီလ်ဂိတ်ဟာ စတီးဗ်ဂျော့ထက် ဘာဖြစ်လို့ ပို မို အောင်မြင်ရပြီး ယခုလက်ရှိ ကမ္ဘာ့အချမ်းသာဆုံးဖြစ်နေရသလဲဆိုတာ ကတော့ သူ့ အကြောင်းနဲ့ သူရှိပါတယ်။ ကဲ အဲဒါတွေထားလိုက်ပါ။ ခေါင်းစဉ်တောင်နဲနဲ ချော်သွားပြီ။....ကဲ သူတို့ နှစ်ဦး အပေါ်က စကားပုံကို ဘယ်မှာသုံး ခဲ့လဲဆိုတာကြည့်ကြရအောင်...... ၁၉၇၀ ပြည့်နှစ်များမှာ ကွန်ပြူတာနဲ့ ပတ်သက်ပြီး အရှိန်အ၀ါအကြီးဆုံး လို့ ပြောလို့ ရတဲ့ ကုမ္ပဏီ နှစ်ခုကတော့ IBM နှင့် Xerox တို့ ဖြစ်ပါတယ်။ စတီးဗ်ဂျော့ဟာ IBM ကို အနိုင်ယူဖို့  အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ IBM ကလည်း စတီးဂျော့က ကျော်သွားမှာကို စိုးရိမ်ခဲ့ရပါတယ်။ စတီးဂျော့ဟာ ကွန်ပြူတာခေတ်ကို ၁ခေတ်ဆန်းစေမဲ့ graphical interface ကွန်ပြူတာကို ထုတ်လုပ်ဖို့ အတွက်လိုအပ်တဲ့ အရာ တခု ကို ရှာဖွေခဲ့ပါတယ်။ သူရှာဖွေခဲ့တဲ့နေရာကတော့ Xerox ကုမ္ပဏီရဲ့ အ၀င်ဝမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲ့အချိန်မှာ Xerox ဟာ အလွန်ကြီးမားတဲ့ကုမ္ပဏီဖြစ်တဲ့ အတွက် အမေရိကန်တနိုင်ငံလုံးမှာ ရှိတဲ့ အင်ဂျင်နီယာများဟာ သူတို့ တီထွင်ခဲ့တဲ့ ပစ္စည်းတွေကို Xerox ကုမ္ပဏီမှာလာ မိတ်ဆက်ကြပါတယ်။ စတီးဗ်ဂျော့ Xerox ကုမ္ပဏီကို မသွားခင် သူ့ လုပ်ဖေါ်ကိုင်ဖက်များကိုပြောခဲ့တဲ့စကားကတော့ "A good artist copies; A great artist steals" ဖြစ်ပါတယ်။ သူဟာ Xerox ကုမ္ပဏီရဲ့ အ၀င်ဝ ကနေပြီးတော့ ဘာကို ရရှိခဲ့သလဲဆိုရင် Xerox ကုမ္ပဏီ က အသုံးမ၀င်ဖူးထင်လို့ ပါယ်ချလိုက်တဲ့ ကျွန်တော်တို့ ယခုထက်တိုင်သုံးနေတဲ့ ကြွက်(mouse) နည်းပညာကို ရရှိခဲ့ပါတယ်။ အဲ့နည်းပညာကို အသုံးပြုပြီးတော့သူဟာ Macintosh ကွန်ပြူတာကို ထုတ်လုပ်ခဲ့ပါတယ်။............ ဘီလ်ဂိတ်ဟာ operating system ၁ခုကို ကွန်ပြူတာ ကုမ္ပဏီ အသေးစားလေး၁ခု ကနေ ဒေါ်လာ ၅သောင်းနဲ့ ဝယ်ပြီးတော့ IBM ကုမ္ပဏီ ကို ရောင်းချခဲ့တဲ့အတွက်ဒေါ်လာသိန်းပေါင်းများစွာရရှိခဲ့ပါတယ်။ အဲ့ဒီကစပြီးတော့ သူဟာ Microsoft ကုမ္ပဏီ ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ သူ့  operating system အတွက်လို အပ်တဲ့ programming language က ပန်းသီးကုမ္ပဏီ မှာ ရှိမှန်းသိတဲ့အခါ သူ ဟာ အဲ့ ကုမ္ပဏီကို သွားရောက်ပြီး စတီးဗ်ဂျော့နဲ့ တွေ့ ဆုံခဲ့ပါတယ်။ သူ မသွားခင်သူ့ လုပ်ဖော်ကိုင်ဖက်များကိုပြောခဲ့တဲ့စကားကတော့ "A good artist copies; A great artist steals" ပဲ ဖြစ်ပါတယ်။ သူ့ ဟာ ပန်းသီးကုမ္ပဏီ ကိုရောက်တဲ့အခါမှ စတီးဗ်ဂျော့ ကမိတ်ဆက်ပြသခဲ့တဲ့ Macintosh prototypes ကွန်ပြူတာ ၃လုံးကို ရအောင် ကမ်းလှမ်းနိုင်ခဲ့ပါတယ်။ အဲ့ prototypes ကနေပြီးတော့သူ ဟာ ကြွက်နည်းပညာကို ရရှိခဲ့ပြီးတော့ ယခုအချိန်မှာ လူသုံးအများဆုံးဖြစ်တဲ့၊ သူ့ ကို ကမ္ဘာ့အချမ်းသာဆုံးဖြစ်အောင်လုပ်ပေးခဲ့တဲ့ Windows Operating System ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။......စတီးဗ်ဂျော့နဲ့ ဘီလ်ဂိတ် နှစ်ဦးစလုံးဟာ သူများတီထွင်ခဲ့တဲ့နည်းပညာကို ရရှိအောင်ယူနိုင်ခဲ့ပြီးတော့ ကောင်းမွန်စွာကိုင်တွယ်အသုံးချနိုင်ခဲ့ကြပါတယ်။ ကျွန်တော်ပြောချင်တာက တချို့ ဗမာပြည်ကလူတွေဟာ အဆိုတော်တွေ ကော်ပီဆို၊ ကော်ပီရေးတဲ့အခါမှာ မကြိုက်ကြပါဘူး။ ဒါပေမယ့် အဲ့ဒါဟာ အထင်သေးစရာတော့မဟုတ်ပါဖူး။ သူတို့ ဟာ good artists တွေမို့ လို့ ကော်ပီကူးကြတာပါ။ တကယ်လို့ သူတို့ ဟာ great artists တွေတာဖြစ်ကြမယ်ဆိုရင် steal လုပ်ကြမှာပါ။ တနည်းအားဖြင့်ပြောရရင် ကော်ပီဆိုသူပဲဖြစ်ဖြစ် ကော်ပီကူးသူပဲဖြစ်ဖြစ် သူတို့ ဟာ တခြားလူမျိုးတွေရဲ့ အနုပညာဂီတကို ဗမာလူမျိုးတွေ နားလည်လွယ်အောင်၊ ခံစားရလွယ်အောင် ဗမာဘာသာ ပြန်ပြီးတော့ ကူညီနေကြတယ်လို့ ပဲမှတ်လိုက်ပါ။ ကျွန်တော်တို့ လို သာမာန်လူတွေဟာ(တကယ်တော်တဲ့၊တတ်တဲ့၊ ဂီတဆရာ့ဆရာကြီးတွေမပါဖူးပေါ့နော်။) သူတို့ ကို အထင်သေးစရာအကြောင်းမရှိသလို၊ ရှုတ်ချစရာအကြောင်းလဲမရှိပါဖူး။ ကြိုက်ရင်တော့နားထောင်ပါ။ မနှစ်သက်ရင်တော့ မျက်ကွယ်ပြုလိုက်ရုံပါပဲ။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ပါ။ ကျွန်တော် အဲ့လိုပြောလို့  ကော်ပီရေး၊ ကော်ပီဆိုသူတွေကို အားပေးအားမြောက်ပြုတာတော့မဟုတ်ပါဘူး။ရှုတ်ချသရော်တာလည်းမဟုတ်ပါဘူး။ အရာရာကို အကောင်းမြင်တတ်အောင် ကျွန်တော်စဉ်းစားမိသလောက် ကျွန်တော်ရဲ့ သေးဖွဲသိမ်နုပ်တဲ့ဥာဏ်ကလေးမီသလောက် ထုတ်ဖော်ပြောကြည့်တာပါ။ လူတိုင်းလူတိုင်း အရာရာတိုင်းကို အကောင်းဖက်မှ စဉ်းစားတွေးတော ကြည့်ရှုခံစား မြင်နိုင်ကြပါစေလို့ ......................................။
စကားချပ်။ ။ စတီးဂျော့နှင့်ဘီလ်ဂိတ် အကြောင်းကတော့ ကျွန်တော် တနေ့ ကကြည့်လိုက်တဲ့ "Pirates of Silicon Valley" ရုပ်ရှင်ထဲကဖြစ်ပါတယ်။
Monday, June 18, 2007
မိုးတွေရွာရင်
အစ်မ အိမွန်စိုးအား ကျွန်တော့် ကို tag သောကြောင့် ကျေးဇူးတင်ရှိပါသည်။
မိုးတွေရွာရင်....
မိုးရေရတာပေါ့ဗျာ။ မိုးရေရတော့ရေခံလို့ ရတာပေါ့။ အဲ့တော့ ရေအတွက်ပူစရာမလိုဝူးပေါ့။ နောက်ပြီး မိုးများများရွာရင် မီးများများပိုလာသလိုလိုပဲ။ သစ်ပင်တွေလည်းရေမလောင်းရဖူးပေါ့နော်။
မိုးတွေရွာရင် ငယ်ငယ်တုန်းကတော့ မိုးရေချိုးတာပေါ့နော်။ အရမ်းသည်းမှချိုးဖြစ်တာပါ။ မိုးရွာတာ ကို အေးအေးဆေးဆေးထိုက်ကြည့်ရတာတော့ ကြိုက်တယ်ဗျ။ ဒါပေမယ့် မိုးရာသီကိုတော့မကြိုက်ဖူးပေါ့နော်။ ဘာဖြစ်လို့ လဲဆိုတော့ မိုးရွာတုန်း အပြင်သွားရတာစိတ်ညစ်ဖို့ ကောင်းတယ်။ ပြီးတော့ ထီးဆောင်းရမှာလဲပျင်းတယ်။ ငယ်ငယ်တုန်းက ကျောင်းဆင်းလို့  မိုးရွာရင် မိုးကာဝတ်ရတာ ပိုတောင်ပျင်းဖို့ ကောင်းသေး။ ကြီးလာတော့ ကျူရှင်သွားလိုက်ဘာသွားလိုက်နဲ့  မိုးနဲ့ သိပ်မကြုံဖြစ်တော့ဖူး။ မိုးရွာတာကို ထိုင်ကြည့်ရင်း ထမင်းဆီဆမ်းပူပူနွေးနွေးလေး စားရတာ တော်တော်ကောင်းတယ်။ မိုးရာသီနဲ့ ပတ်သက်ပြီး ခံစားချက်တော့မရှိပါဖူး။ မိုးရွာရင် ပျော်ဖို့ တော့ကောင်းတယ်..အပြင်မသွားရဘဲ အိမ်မှာနေရရင်ပြောတာပါ။ မိုးအေးအေးမှာ အိပ်ရတာလဲ အရသာရှိတယ်။ မိုးကိုတော့ကြိုက်တယ်။ မိုးရာသီကိုတော့မကြိုက်ဘူး။...သိပ်မရေးတတ်ဘူး။ဘာရေးရမလဲသိတော့ဖူး။
ပြီးပါပြီ။
ကျွန်တော်မှ တဖန် ပြန် tag ချင်သူများကတော့
၁) အေးချမ်းသူ သိုးမလေး
၂) ဂျပန်စာ ဆရာမ ယူဆဂိ
၃) စိတ္တဇညများပိုင်ရှင် ကိုမောင်မောင်
၎) လေးမ
၅) ကိုမိုးညိုတို့ ဖြစ်ပါတယ်။

Thursday, June 14, 2007
ခွင့်လွှတ်ခြင်း
ကျွန်တော်တို့ ပြောလေ့ ပြောထရှိကြတယ်။..ဒီကောင်ကတော့ ခွင့်မလွှတ်နိုင်တဲ့အလုပ်ကိုလုပ်သွားတယ် တို့ ၊ ဒီကိစ္စကတော့ ခွင့်မလွှတ်နိုင်တဲ့ကိစ္စ တို့ ၊ ပြောကြတယ်။ ဒါပေမယ့် စဉ်းစားကြည့်ရင်များသောအားဖြင့် ကိုယ်ခွင့်မလွှတ်နိုင်တဲ့သူတွေဟာ ကိုယ်အရမ်းခင်တဲ့ မိတ်ဆွေ၊သူငယ်ချင်း (သို့ ) ကိုယ်ချစ်တဲ့သူတွေဖြစ်နေတတ်ကြတယ်။ အဲ့ဒါ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့ က သူတို့ တွေ မျှော်လင့်ချက်တွေထားတတ်ကြတယ်။...ငါကတောင် သူ့ အပေါ်ဒီလောက်နားလည်တာ(များသောအားဖြင့် ကိုယ့်ထင်မြင်ချက်ဖြစ်နေတတ်ပါတယ်၊ အမှန်တော့ သူ့ ဘက်ကလည်း ကိုယ်ကသူ့ ကို နားလည်ပေးတယ်လို့ ထင်ချင်မှထင်မှာပါ။)၊သူ ကလည်း ငါ့ကို နားလည်မှာပါလေ....ငါကအမြဲတမ်းသူ့ အတွက် စဉ်းစားပေးတယ်၊ သူကလည်းငါ့အတွက်စဉ်းစားပေးမှာပါလေ...ဆိုပြီးထင်တတ်ကြတယ်။ အဲ့ဒီ အခါမှာ ကိုယ်ချစ်တဲ့သူ၊ကိုယ်အရမ်းခင်တဲ့သူငယ်ချင်းက အမှား၁ခုခု လုပ်မိတဲ့အခါ(သို့ )ကိုယ်မျှော်လင့်တဲ့အတိုင်း သူက မလုပ်တဲ့အခါ၊ ကိုယ်က သူ့ ကို ခွင့်မလွှတ်နိုင်ဖူးဆိုပြီးဖြစ်လာတတ်ကြတယ်။ များသောအားဖြင့် အမှန်တကယ်တော့ သူလုပ်မိတဲ့အမှား ဟာ ကြီးကြီးကျယ်ကျယ်မဟုတ်တတ်ပါဘူး။ ကိုယ်ကသာ ကိုယ်က သူ့ ကို မျှော်လင့်ထားတဲ့အတိုင်းမဖြစ်လာတဲ့အတွက် ခွင့်မလွှတ်နိုင်ဘူးတို့ ဘာတို့ ဖြစ်လာတာပါ။ အဲ့ဒီအခါမှာ ကိုယ်က သူ့ အမှား သေးသေးလေးကို ပုံကြီးချဲ့ သလို ဖြစ်နေတတ်ပါတယ်။ ခွင့်မလွှတ်နိုင်ဘူးရယ်လို့ ဖြစ်လာတဲ့ အခါမှာ ၂ဦး၂ဖက်အတွက်မကောင်းပါဘူး...အထူးသဖြင့်ကိုယ့်အတွက်မကောင်းပါဘူး။ ကိုယ်က ၁ယောက်ယောက်ကို ခွင့်မလွှတ်နိုင်ဘူးရယ်လို့ ဖြစ်လာတဲ့အခါမှာ၊ ခွင့်မလွှတ်နိုင်ခြင်းနောက်ဆက်တွဲအဖြစ်အမုန်းတွေဖြစ်လာပါတယ်။ အမုန်းရဲ့ နောက်ဆက်တွဲအဖြစ် ဒေါသတွေဖြစ်လာပါတယ်။ နောက် ကိုယ် နဲ့ သူ့ ရဲ့ သံယောစဉ်ကို ပါထိခိုက်လာနိုင်ပါတယ်။ တခါတလေမှာ ကလဲ့စား ပြန်ချေမယ်တို့ ဆိုတာတွေတောင်ဖြစ်လာတတ်ကြပါတယ်။ စကားပုံတောင်ရှိပါသေးတယ။်(စကားပုံဟုတ်မဟုတ်တော့မသေချာပါ၊ ရုပ်ရှင်ကားများတွင်များသောအားဖြင့်ကြားရတတ်ပါသည်။) "အချစ်ကြီးလို့ အမုန်းကြီးတယ်" တဲ့။ အချစ်မရှိရင် အမုန်းလည်းရှိနိုင်မယ်မထင်ပါဘူး။....ကလဲ့စားချေတယ်ဆိုတာကလည်း ကိုယ့်ရဲ့  တန်ဖိုးရှိတဲ့ အချိန်နဲ့ စွမ်းအားတွေကိုပေးဆပ်လိုက်ရတာပါ။ ကလဲ့စားချေပြီးတဲ့အခါမှာလည်းများသောအားဖြင့် နောင်တ ပဲရတတ်ပါတယ်။ ကိုယ်ကတော့သူ့ ကို ကလဲ့စားပြန်ချေလိုက်နိုင်ပြီဆိုပြီး ကျေနပ်မှုရရှိတာ တော်တော်လေးကိုရှားပါတယ်။ ကျွန်တော်ပြောချင်တာက ကိုယ်ခွင့်မလွှတ်နိုင်ဘူးဆိုတာ ကိုယ်က သူ့ အပေါ်မှာ မျှော်လင့်ချက်တွေအများကြီးထားပြီး ကိုယ်မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါမှာ ဖြစ်တည်ရောက်ရှိလာတဲ့အရာ၁ခုပါ။ ကျွန်တော့်အမြင်တော့ ခွင့်လွှတ်နိုင်တယ် မနိုင်ဘူးဆို တာ ကိုယ့်စိတ်နဲ့ ခံစားချက်ပေါ်မှာပဲ မူတည်ပါတယ်။ ကိစ္စ အကြီးအသေးပေါ်မှာ မူတည်မှုသိပ်မရှိပါဘူး။ ကိုယ်ကခွင့်လွှတ်နိုင်တယ်ဆိုလျှင် ကိစ္စ ကြီးကြီးသေးသေး ကိစ္စမရှိပါဘူး။ ကိုယ်က ခွင့်လွှတ်နိုင်တယ်ဆို တာကသာ အဓိကကျတာပါ။ ကျွန်တော်ပြောချင်တာက ဘယ်သူ့ ပေါ်မှာ မှ မျှော်လင့်ချက်သိပ်မထားပါနှင့်။ အလိုကြီး အရနည်းဆိုသလို ကိုယ်မျှော်လင့်သလို မဖြစ်လာတဲ့အခါမှာ အမှားတွေဖြစ်လာတတ်ပါတယ်။ ကိုယ်က လည်း သူများကို မျှော်လင့်ချက်တွေ သိပ်မပေးပါနှင့်။ ကိုယ်ကလုပ်ပေးနိုင်တယ်ဆို တခါတည်းလုပ်ပေးလိုက်ပါ။ သူကလည်း သူလုပ်ပေးနိုင်တယ်ဆို တခါတည်းလုပ်ပေးပါလိမ့်မယ်။ လုပ်ပေးဖို့ လည်းပြော ပေးပါ။ သူ့ ကို လည်း ကိုယ်ကို မျှော်လင့်ချက်တွေသိပ်မပေးဖို့ (သို့ ) သိပ်မထားဖို့ ပြောပါ။ အဲ့ဒါဆိုလျှင်ကျွန်တော့် အထင် လူတိုင်းလူတိုင်းကို ခွင့်လွှတ်နိုင်လာမယ်လို့ ထင်တယ်။ အမုန်းတွေလည်းတော်တော်နည်းသွားမည်ထင်၏။ လူတိုင်းလူတိုင်းကို ခွင့်လွှတ်နိုင်ဖို့ ကြိုးစားရင်း လူတိုင်းလူတိုင်း ခွင့်လွှတ်နိုင်ကြပါစေလို့ ဆုတောင်းရင်း...........................
စကားချပ်။ ။ ကျွန်တော်၏ သူငယ်ချင်းတစ်ယောက်က သူ၏ idea ကိုပြောပြ၍ ကျွန်တော်က ရေးသားခြင်းဖြစ်ပါသည်။ ကျွန်တော်၏ idea မဟုတ်ကြောင်းပါ။ အကယ်၍ ဖတ်၍ကောင်းပါက သူ့ အားကျေးဇူးတင်ပါလေ။ ဖတ်၍မကောင်းပါက ကျွန်တော်၏ အရေးအသားညံသောကြောင့်ဖြစ်၍ ကျွန်တော့်အားသွန်သင်ပါလေ။

ဆိတ်ဟူသည်မှာ....
၁။ ဆိတ်သည် သူပျော်ရာ ၌ ကျက်စားတတ်သည်။
၂။ ဆိတ်သည် ထိန်းကျောင်းနည်း မသိ လျှင် ထိန်းကျောင်းရခက်သည်။
၃။ ဆိတ်သည် ထိန်းကျောင်းမှုရှိမှသာ တိုးတက်သည်။
၎။ ဆိတ်သည် ရိုက်နှက်ဆုံးမ၍မရ။ ရိုက်နှက်ဆုံးမသော် ခတ္တခဏသာ ခံသည်။
၅။ ဆိတ်အား ထိန်းကျောင်းချင်လျှင် ဦးစွားသူ၏ မာနအား ချိုးနှိမ်ရမည်။
၆။ ဆိတ်အား အသုံးချတတ်လျှင် အကျိုးများစွာရှိသည်။
"ဆိတ်" ဟူသောစာလုံးများအား "စိတ်" ဟူ၍ ပြင်ဖတ်ကြည့်ပါ။ တော်တော်များများမှန်သည်ဟုထင်ပါသည်။ မတူတာ တစ်ချက်တော့ရှိတယ်။ ဆိတ်မှာ ချိုရှိတယ်။ စိတ်မှာ ချိုမရှိဘူး။ ဒါတောင်ပြောလို့ မရဘူး။ စိတ်မှာလည်း ချိုရှိရင် ရှိမှာ... ကျွန်တော်မသိလို့ ဖြစ်မှာ။ :D... ဆိတ်က ချိုနဲ့  လိုက် ဝှေ့ တတ်တယ်လေ။ စိတ်ကလည်း ဂြိုဟ်မွှေတတ်တယ်လေ။ ထိုကြောင့် ဆိတ်နှင့်စိတ်သည် တူညီသည်။(၁၀၀ရာခိုင်နှုန်းတော့မဟုတ်ဘူး၊ တူညီသည့်သလောက်တူညီသည်။) သြော် နည်းနည်း ကျန်ခဲ့လို့ ။ ဆိတ်က ကိုင်တွယ်လို့ ရတယ်။ ခြေလေးချောင်းလည်းရှိတယ်။ ပြီးတော့ ချက်စားလို့ လည်းရတယ်။ ဆိတ်နို့ လည်းသောက်လို့ ရတယ်။ စိတ်က ကိုင်တွယ်လို့ မရဘူး။ခြေလေးချောင်းလည်းမရှိဘူး။(ခြေအများကြီး ရှိတာဖြစ်မယ်။) ချက်စားလို့ လည်းမရဘူး။ စိတ်နှို့ လည်းမရှိဘူး။ ဒါပေမယ့် အသုံးချတတ်ရင် စိတ်က ဆိတ်ထက်ပို အကျိုးရှိတယ်။
ပြီးပါပြီ။
စိတ်ထင်တာရေးကြည့်ခြင်းဖြစ်ပါသည်။ ဖတ်၍မကောင်းပါက သည်းခံ ၍ဖတ်ပေးပါရန် မေတ္တာရပ်ခံပါသည်ခဗျာ။

Saturday, June 9, 2007
လူမုန်းများအောင်လုပ်နည်း
အထွေအထူးတော့်မဟုတ်ပါဘူး။ကျွန်တော်ဖတ်ဖူးတဲ့ "လူချစ်လူခင်ပေါအောင်လုပ်နည်း" ကဲ့သို့ သောစာအုပ်များမှ နည်းလမ်းများကို ပြောင်းပြန်ရေးထားခြင်းဖြစ်ပါသည်။ ထိုစာအုပ်များမှ နည်းလမ်းများသည် မှန်ကန်သည်၊ တကယ်လိုက်နာလျှင် တကယ်လူချစ်လူခင်ပေါမည်၊ သို့ သော် လိုက်နာရန်ခက်ခဲတတ်သည်။ ကျွန်တော်၏ လူမုန်းများအောင်လုပ်နည်းများ သည်လည်းမှန်ကန်သည်။ ထို့ အပြင် လိုက်နာရန်လည်း လွယ်ကူသည်။ :D..
လိုက်နာစမ်းသပ်ကျင့်သုံးကြည့်ပါ။ လူမုန်းများမည်ဖြစ်ကြောင်း ၁၀၀ရာခိုင်နှုန်း အာမခံပါသည်။ အကယ်၍ အမုန်း မခံ ရပါက အမုန်းမခံ ရသည်ဟု မှတ်ယူကြပါကုန်။....
၁။ အကြင်သူတစ်ယောက် တန်ဖိုးထားသော သက်ရှိသက်မဲ့အရာဝတ္ထု၊ အကြောင်းအရာများကို ပက်ပက်စက်စက် ပြစ်တင် ရှုံ့ ချဝေဖန်ပါ။
၂။ အကြင်သူတစ်ယောက်သည် သူ စိတ်ပါဝင်စားသောအကြောင်းအရာများကို ကိုယ့်အားပြောပြနေပါက နားမထောင်းချင်ယောင်ဆောင်ပါ။ စိတ်မ၀င်စားသလိုနေပါ။
၃။ အကြင်သူတစ်ယောက်သည် အရေးကြီးသောစကားများပြောနေပါက သူ့ စကားများထဲမှ ၀ါကျသဒ္ဒါ အမှားများကိုရှာကာ ချက်ချင်းလက်ငင်း ထိုသူအား အမှားများကိုထောက်ပြပါ။
၎။ အကြင်သူတစ်ယောက်သည် ရယ်စရာပြောပြနေပါက ကိုယ်က သူပြောနေသောအကြောင်းအရာများသည် ရယ်စရာမကောင်းသလို နေပါ၊ ခပ်တည်တည်နေပါ။ ထို့ နောက် သူ့ အား ရယ်စရာမကောင်းကြောင်းပြောပါ။
အကယ်၍ အကြင်သူတစ်ယောက်သည် အရေးပါအရာရောက်သော စကားများပြောနေပါက ဟားတိုက်ရယ်ပါ။ နောက်သလို ပြောင်သလို ပြန်ပြောပါ။
၅။ အကြင်သူတစ်ယောက်အလိုရှိသော အရာများကို ဘယ်သောအခါမှ မပေးနှင့်။ အလိုမရှိသော အခါပေးပါလေ။
၆။ အပြစ်တင်ပါ။ (လူတိုင်းသည် ကိုယ့်ကိုယ်ကို အပြစ်မရှိ ဟူ၍ယူဆတတ်ကြသည်။ ထိုကြောင့် လူမုန်းများရန် လူတကာ အားအပြစ်တင်ပါ။)
၇။ အကြင်သူတစ်ယောက်သည် ကိုယ့်အားယုံကြည်မှုကို ပြသောအခါ ကိုယ်က ထိုသူအား မယုံကြည်မှုကို ပြန်ပြပါ။
၈။ မည်သူနှင့် စကားပြောသောအခါဖြစ်ဖြစ် ကိုယ်က ချည်းပဲ ရေပက်မ၀င်အောင် ပြောပါ။ အကြင်သူအား စကားပြောခွင့်မပေးပါနှင့်။
၉။ ငြင်းပါ။ ကိုယ်က မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ အကြင်သူနှင့် အနိုင်မရမခြင်း ငြင်းပါ။
၁၀။ အကြင်သူအား ဘယ်သောအခါမှ မချီးမွမ်းပါနှင့်။ အကယ်၍ အကြင်သူသည် သူတန်ဖိုးထားသော အရာ၁ခုခု ကို အောင်မြင်ရရှိသွားကြောင်း ကိုယ့်အားလာ ပြောလျှင် ကိုယ့်လောက်မတော်မတတ်အရည်အချင်းမရှိဘဲ လာပြောနေ သယောင် ထိုသူအား ပြန်လည်ပြောဆိုပါ။ ထိုသူ၏ ချီးမွမ်းဖွယ်ကောင်းသော လုပ်ရပ်များထဲ မှ အမှားများကို ရှာကာ ထောက်ပြပါ။
၁၁။ အကြင်သူအား အမြဲတမ်း အထင်သေးသောမျက်စိ၊ ကိုယ်လောက်မတတ်ဟူသောမျက်စိ၊ ပြစ်တင်ဝေဖန်မည်ဟူသောမျက်စိ၊ မယုံသင်္ကာမျက်စိ များဖြင့်ကြည့်ပါ။
၁၂။ ကိုယ်နှင့် သဘောထားအယူအဆချင်းမတူသော အကြင်သူ ၏ သဘောထားအယူအဆများကို နားမထောင်ပါနှင့်။ ဂရုလည်းမစိုက်ပါနှင့်။ ထိုသူက ပြောပြရန်ကြိုးစားသောအခါတွင်လည်း မပြောရန်တားမြစ်ပါ။ အကယ်၍ ထိုသူ၏ သဘောထားအယူအဆများကို လူအများက ယုံကြည်သည်၊ မှန်ကန်၍လည်းနေသည် ဆိုဦးတော့ ကိုယ့် သဘောထားအယူအဆများ သည်သာ မှန်ကန်သည်ဖြစ်ကြောင်း သက်သေသာဓက(ဟုတ်သည်ရှိ မဟုတ်သည်ရှိ) များဖြင့် ပြန်လည်တိုက်ခိုက်ပါ။
အထက်ပါ ၁၂ချက်သည်ကား လူမုန်းများစေသော နည်းလမ်းကောင်းများပင်ဖြစ်သည်။....ကျွန်တော့်စာကို ဖတ်ပြီးသောသူများ သည် ဖတ်နေရင်းနှင့် တွေးကြပါလိမ့်မည်(မတွေးတော့ မတွေးလို့ ပေါ့နော်)......သူပြောမှလား ငါတို့ လည်းသိတာပေါ့..အဲ့လောက် လူဂွစာပြစ်အောင်လုပ်မှတော့ လူမုန်းပြီဆိုတာ... ဟုတ်ပါသည်။ လူတိုင်းသိပါသည်။ ထို့ အပြင် လူတော်တော်များသည်လည်း ထို ၁၂ချက်များ ထဲမှ အနည်းဆုံး ၁ချက်-၂ချက် နှင့် မလွတ်ကင်းကြပါ။ တမင်သက်သက်ကျင့်သုံးနေသူများလည်းရှိကြပေလိမ့်မည်။....ကျွန်တော်ပြောချင်တာက လူမုန်းများအောင်လုပ်ရတာလွယ်တယ်။ လူချစ်လူခင်များအောင်လုပ်ရတာ ခက်ခဲတယ်။ (ကျွန်တော်သည်လည်း ကြိုးစားတုန်းပင်)......

Wednesday, June 6, 2007
ရသွားပါပြီ
ှsignature ထည့်လို့ ရသွားပါပြီခင်ဗျာ။ အခုလိုကူညီတဲ့ http://lover07.blogspot.com/ က ကို I'm ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ :D
Tuesday, June 5, 2007
ကျောင်း
ဆရာမက မေးတယ် ကျောင်းသားတစ်ယောက်ကို "ကျောင်းကိုဘာဖြစ်လို့ လာတာလဲ" တဲ့။
ကျောင်းသား ကဖြေတယ်.. "စာသင်ဖို့ လာတာ" တဲ့။
ဆရာမက ပြန်ပြောတယ်..."မဟုတ်ဘူးတဲ့။ စာတတ်ချင်လို့ လာရတာ" တဲ့။
သူငယ်ချင်းတစ်ယောက်ကတော့ ဖြေတယ်..."ကျောင်းတက်ဖို့ လာတာ" တဲ့။
ဘယ်သူ့ အဖြေမှန်တယ်လို့ ထင်လဲ။ ကျွန်တော်က တော့ ကျွန်တော့် သူငယ်ချင်းအဖြေကိုအကြိုက်ဆုံးပဲ။ ဟုတ်တယ်...ကျောင်းလာတာ ကျောင်းတတ်ဖို့ လာတာ.. တခြားဘာကြောင့်မှ မဟုတ်ဘူး။ စာသင်ချင်တတ်ချင်ရင် တခြားနေရာတွေသွားလို့ ရတာပဲ... ကျူရှင်တို့ ဘာတို့ ။ကျောင်းလာမှတော့ ကျောင်းတက်ဖို့ လာတာပေါ့ :D..
ကျောင်းက ကျွန်တော်တို့ ကိုဘာတွေသင်ပေးလဲ... professions(doctors, engineers, etc...) ဖြစ်ဖို့ လိုအပ်တဲ့ အခြေခံပညာတွေသင်ပေးတာပေါ့။ ပညာတတ်ရင် ထမင်းမငတ်ဖူးတဲ့။(စာပဲတတ်ရင်တော့ ထမင်း ငတ်ချင်ငတ်မှာနော်၊ ပညာတတ်မှရမှာ :D) ဟုတ်တယ်...ကိုယ်သင်ခဲ့တဲ့ ပညာက ကိုယ့်ကို ပြန်လုပ်ကျွေးမှာပဲ။ ထမင်းမငတ်ဖူးဘဲ ပြောတာ..မဆင်းရဲဖူးတို့ ၊ အောင်မြင်မယ်တို့ မပြောဘူး။ အပေါ်က ပုံကို တွေ့ တယ်မှာလား။ အဲ့ပုံကို bell-shaped curve လို့ ခေါ်တယ်လို့ ပြောကြတာပဲ။ ကျွန်တော်ပြောချင်တာက ကျောင်းပြီးသွားလို့  ဘ၀အတွက်ရုန်းကန်တဲ့ အခါ ကျောင်းတုန်းက စာကြိုးစားတယ်..စာတော်တယ်ဆိုတဲ့လူတွေက အလယ်ပိုင်း common-cases မှာပါသွားတယ်။ သူတို့ ကအဆင်းရဲကြီးလည်း မဟုတ်ဘူး။ အချမ်းသာကြီးလည်းမဟုတ်ဘူး။ အလည်အလတ်တန်းစားတွေဖြစ်လာကြတယ်။ curve ရဲ့ အစွန်းပိုင်းမှာ ရှိတဲ့လူတွေကတော့ ကျောင်းတုန်းက စာမကြိုးစား၊ ဆိုးခဲ့မိုက်ခဲ့သူတွေ ပေါ့။ သူတို့ ကျတော့ ဘ၀မှာ အရမ်းအောင်မြင်ပြီး အရမ်းချမ်းသာတဲ့သူတွေဖြစ်လာနိုင်သလို၊ ဆင်းရဲပြီး ဘ၀မှာ ကျရှုံးတဲ့သူတွေဖြစ်လာနိုင်တယ်။ အဲ့ဒါကြောင့် ကျောင်းတုန်းက စာမတော်၊စာမကြိုးစားတဲ့ သူတွေကို မျက်စိမှိတ်ပြီး ဇွတ်အထင်သေးလို့ မရပါဘူး။ သူတို့ ဟာတချိန်မှာ အရမ်းအောင်မြင်ကျော်ကြားတဲ့သူတွေဖြစ်လာနိုင်ပါတယ်။ တချို့  မိဘတွေရှိပါတယ်။ ကိုယ့်သားသမီးကိုစာအရမ်းကြိုးစားခိုင်းတယ်၊ သားသမီးကလည်းစာကြိုးစားတယ်၊စာတော်တယ်ပေါ့ဗျာ။ ကိုယ့်သားသမီးကို စာကြိုးစားခိုင်းတာအပြစ်မဟုတ်ပါဘူး။ ဒါပေမယ့်သူတို့ က ကိုယ့်သားသမီးကို စာမကြိုးစားတဲ့ သူတွေနဲ့ မပေါင်းခိုင်းဘူး။(သူတို့ သားသမီးတွေပျက်စီးသွားမှာဆိုးလို့ တဲ့။ ကျွန်တော်လည်းထောက်ခံပါတယ်။ ဒါပေမယ့် စာမကြိုးစား၊စာမတော်တဲ့သူတိုင်း ဆိုးမိုက်ပေတေနေတာမဟုတ်ပါဘူး။ သူတို့ မှာလည်းသူတို့ အကြောင်းနဲ့ သူတို့ ရှိပါတယ်။) ပြီးတော့ စာမတော်၊စာမကြိုးစားတဲ့သူတွေကို အထင်လည်းသေးတတ်ကြတယ်။ အဲ့ထဲမှာ စာမတော်၊စာမကြိုးစားတဲ့သူတွေကို မှိုချိုးမျှစ်ချိုးပြောတာတော့အဆိုးဆုံးပဲ။ ဒါပေမယ့် စဉ်းစားကြည့်ပါ..တချိန်က ကိုယ်အထင်သေးခဲ့တဲ့သူဟာနောင်တချိန်မှာ ကျိကျိတက်အောင်မြင်နေတဲ့သူ ဖြစ်သွားခဲ့မယ်ဆိုရင်......လူ၁ယောက် စာကြိုးစားတယ်၊မကြိုးစားဘူး၊ စာတော်တယ်၊မတော်ဘူး ကို ကြည့်ပြီး အထင်သေးအထင်ကြီးလို့ မရပါဘူး။ ဘ၀ကို ရုန်းကန်လှုပ်ရှားတဲ့အခါမှာ ကျောင်းတုန်း ကသင်ပေးလိုက်တဲ့ပညာတွေဟာ ၀န်ထမ်းကောင်း၁ယောက်ဖြစ်စေဖို့ သင်ပေးလိုက်တဲ့ ပညာတွေပါ။ လုပ်ငန်းရှင်ကောင်း၁ယောက်ဖြစ်အောင်မသင်ပေးလိုက်ပါဘူး။ အဲ့ဒါကြောင့် ကျောင်းပညာဟာ ဘ၀မှ အတိုင်းအတာတခု အထိသာရေးပါအရာရောက်ပါတယ်။ လူ၁ယောက်ရဲ့ အရည်အချင်းကို လူ၁ယောက်ရဲ့ ကျောင်းပညာကို ကြည့်ပြီးတော့ ဆုံးဖြတ်လို့ မရပါဘူး။ ဒါဆို ကျောင်းမတတ်တော့ဘဲ တခြားပညာတွေသင်ရင်ပိုအောင်မြင်နိုင်တယ်ပေါ့..အဲ့လိုတော့လည်းမဟုတ်ပါဘူး။ ကျောင်းတော့တက်ရမှာပေါ့။ ကျွန်တော်ပြောချင်တာက လူတိုင်းကို မျက်စိမှိတ်ပြီး ဇွတ်အထင်မသေးဖို့ ပါ။
ကျွန်တော့် အမြင်ကျောင်းဆိုတာ ပညာတွေသင်ပေးတဲ့ အဆောက်အဦး၁ခုပါ။ ကျောင်းကနေဘာတွေမွေးထုတ်ပေးလဲဆိုရင် society ၁ ခုအတွက်လို အပ်တဲ့ proffessions တွေကို မွေးထုတ်ပေးပါတယ်။ ကျောင်းက မရှိမဖြစ်လို အပ်တဲ့ ဆောက်အဦး၁ခုပါ။ ကျောင်းမရှိတော့
ရင် society ၁ခုက balance ဖြစ်တော့မှာမဟုတ်ပါဘူး။ ကျောင်းကနေထွက်တဲ့ အထဲမှာ နောင် ဘ၀မှာ ကျိကျိတက် ချမ်းသာပြီးအောင်မြင်ကျော်ကြားတဲ့လူတွေဟာ လူနည်းစုပါ။ ဘယ်တော့မှလဲ လူများစုမဖြစ်လာနိုင်ပါဘူး။ ၀န်ထမ်းဟာ အမြဲတမ်း လုပ်ငန်းရှင်ထက်တော့ အရေအတွက်ပိုများနေမှာပါ။ လူတိုင်းလိုလို ၀န်ထမ်းဖြစ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ကြိုးစားရင်ဘာမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်က လူနည်းစုထဲမှာပါအောင်နေမှာလား။ လူများစုထဲမှာပါအောင်နေမှာလားဆိုတာကတော့ ကိုယ့်အယူအဆနဲ့ ကိုပါ။ တကယ်လို့ ကိုယ်က အေးအေးဆေးဆေး phD ယူပြီးတော့ဘ၀ကိုဖြတ်သန်းမယ်ဆိုရင်ကျောင်းပညာကလုံလောက်ပါတယ်။ ဒါမှမဟုတ်ဘဲ ကိုယ်က အရမ်းချမ်းသာချင်တယ်ဆိုရင်တော့ ကျောင်းပညာ၁ခုထဲနဲ့ မလုံလောက်ပါဘူး။ ကျွန်တော်ပြောချင်တာက ကျောင်းစာ၁ခုတည်းကိုပဲအထင်မကြီးပါနဲ့ ။အထင်လည်းမသေးပါနဲ့ ။အစွန်းမရောက်ပါနဲ့ ။ အရာအားလုံးကို ကျယ်ကျယ်ပြန့် ပြန့် မြင်နိုင်အောင်ကြိုးစားကြပါလို့ ......

Monday, June 4, 2007
A Theory from Alchemy
People cannot gain anything without sacrificing something. You must present something of equal value to gain something. This is the principle of equivalent trade in alchemy.
ကြည့်ဖူးရင်တော့သိမှာပါ။ ကျွန်တော် ဘယ်ကကူးထားလဲ ဆိုတာ။ japanese anime ၁ခု ကပါ။ နာမည်ကတော့ Fullmetal Alchemist။ တခြားသူတွေတော့မပြောတတ်ဘူး။ ကျွန်တော်ကတော့ အဲ့ နိယာမကို မှန်တယ်လို့ ထင်တယ်။ နယူတန် ရဲ့  နိယာမတွေလို ပဲ မှန်တယ်လို့ ထင်တယ်။ ဟုတ်တယ်... လောကမှာ ၁ခုပေးမှ ၁ခု ရမှာ။ ၁ခု လိုချင်ရင် ၁ခု တော့ပေးဆပ် ရမှာပဲ။ အလကားရတဲ့ ပစ္စည်းရယ်လို့ မ ရှိဘူး။ ကျွန်တော် ပြောတဲ့ အလကားဆို တာ ပိုက်ဆံ မပေးရတာ ကိုပြော တာမဟုတ်ဘူး။ ဥပမာဗျာ... မိုးရေက ဘယ်သူခပ်ခပ် အလကားရတယ်လို ပြောတယ်..သူတို့ ပြောတဲ့ အလကားဆိုတာ ပိုက်ဆံ မပေးရတာကိုပြောတာ...ဒါပေမယ့် မိုးရေကို လိုချင်ရင် မိုးရေခံ ရတယ်လေ။ မိုးရေခံ ပြီ ဆိုတာနဲ့  မိုးရေခံ ဖို့  အိုးအလွတ်တို့ ၊ အိုးတွေဘာတွေကိုေ့ ရွဖို့  physical energy တို့ ပေးဆပ်ရ တော့တာပဲ။ အဲဒါကြောင့် ကျွန်တော် ကပြောတာ ၁ခုလိုချင်ရင် ၁ခုတော့ပေးဆပ်ရတယ်လို့ ။ ဘာပဲဖြစ်ဖြစ် မပေးဆပ်ပဲ နဲ့ တော့ မရဘူးထင်တာဘဲ။ ပညာလို ချင်ရင် အချိန်၊ physical energy စသည်ဖြင့် ပေါ့ဗျာပေးဆပ်ရတယ်။ မိဘ မေတ္တာက အလိုလို ရတယ် လို့ ပြောကြတယ်.. ကျွန်တော့် အမြင်မှာတော့မဟုတ်ဘူးခင်ဗျ။ ကျွန်တော် ကျွန်တော့် မိဘ ဆီက ချစ်ခြင်းမေတ္တာ ရဖို့ ဆို ရင် ကျွန်တော်ရဲ့  ကျွန်တော့် မိဘဆီမှာ လူသွားဖြစ်ဖို့  ဆိုတဲ့ ကံကြမ္မာ ကို ပေးဆပ်ရတယ်..ကျွန်တော့် မိဘကလည်း ကျွန်တော့် ကိုချစ်ခြင်းမေတ္တာ ပေးဆပ်လို့ ရတယ်ဆိုတဲ့ အခွင့်အရေး ရအောင် သူတို့ ရဲ့  အချိန်၊ကိုယ်အား၊ဥာဏ်အား တွေကို ပေးဆပ်လိုက်ရတယ်။ ရှုတ်သွားလာ တော့မသိဘူး။ ကျွန်တော် ပြောချင်တာက ဗျာ ပေးဆပ်တဲ့အရာဝတ္ထု နဲ့  လက်ခံရရှိတဲ့အရာဝတ္ထု ကို မြင်အောင်ကြည့်တတ်ရမယ်ဗျာ။ အဲ့ဒါဆို ခုနကျွန်တော်ပြောတဲ့ "၁ခုလိုချင်ရင် ၁ခုပေးဆပ်ရမယ်" ဆိုတဲ့ အဆိုက မှန်သွားပြီ။ ဥပမာဗျာ...ခုနက ချစ်ခြင်းမေတ္တာ မှာ "ကျွန်တော့် ကိုချစ်ခြင်းမေတ္တာ ပေးဆပ်လို့ ရတယ်ဆိုတဲ့ အခွင့်အရေး " က ကျွန်တော့် မိဘ လက်ခံ ရရှိလိုက်တဲ့အရာဝတ္ထု ဖြစ်တယ်။ ကျွန်တော် အခုလို ရေးတာ မိဘမေတ္တာကို စော်ကားတာမဟုတ်ဘူး။ ကျွန်တော်သိပါတယ် မိဘမေတ္တာ ကဘယ်လောက်နွေးထွေး အေးချမ်းတယ်၊ ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ။ ခံစားရရှိဖူးတဲ့ လူတိုင်းသိပါတယ်၊ ပြောပြစရာ မလို လောက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဘာလို့ မိဘမေတ္တာ ကို ဥပမာပေးရလဲ ဆိုတော့ လူတော်တော်များများကပြောတတ်ကြတယ်.. မိဘမေတ္တာဆိုတာ လောကမှာ အလကားရတာပါလို့  (အလကားဆို တာ တန်ဖိုးမရှိတာကိုပြောတာမဟုတ်ဘူး၊ ပေးဆပ်စရာမလိုတာကိုပြောတာ)။ ပြီးတော့ ကျွန်တော်ထင် ပါတယ် ဒီ post ကို စစ ဖတ်တာနဲ့  လူတွေဘာတွေးမလဲ ဆို တော့ ကျွန်တော် ပြောတဲ့ နိယာမ က အမြဲတမ်းမ မှန်ဘူး ဆိုတာ ပြောလို့ ရအောင် လောကမှာ ဘာတွေ အလကားရလဲ ဆိုတာ တွေးကြမှာပါ။ ဘာဖြစ်လို့ လဲဆို တော့ ဒါကလူ့ သဘာဝပါဘဲ. ပြောရုံ နဲ့ မှန်တယ်လို့  မထင်မှတ်ကြပါဘူး... အားနည်းချက်ကို ရှာတတ်ကြပါတယ်။ ရှာကြပါ။။ ဒါပေမယ့် ကျွန်တော့် ပြောသလို ပေးဆပ်တဲ့အရာဝတ္ထု နဲ့  လက်ခံရရှိတဲ့အရာဝတ္ထု ကို မြင်အောင် အရင်ကြည့်ကြပါ။ ကျွန်တော် လုံးဝမှန်တယ်လို့ တော့ မပြောဘူး...ဒါပေမယ့် ကျွန်တော့် ဥာဏ်နဲ့ မှီ သလောက်စဉ်းစားကြည့်တာတော့ မှန်နေပါသေးတယ်။ လောက မှာ ၁ခုလို ချင် ၁ခု ပေးဆပ်ရပါတယ်။ ဟုတ်ကဲ့.. စဉ်းစားကြည့်ကြပါ... တကယ်လို့  လောကမှာ အလကား(ကျွန်တော်ပြောတဲ့ အဓိပ္ပါယ်) ရတဲ့ အရာဝတ္ထုကို စဉ်းစားလို့ ရတယ်ဆို ရင် comment မှာ ၀င်ပြော သွားကြပါ။ ကျေးဇူးတင်ပါတယ်။ :)

Subscribe to:
Posts (Atom)