Monday, June 18, 2007

မိုးတွေရွာရင်

အစ်မ အိမွန်စိုးအား ကျွန်တော့် ကို tag သောကြောင့် ကျေးဇူးတင်ရှိပါသည်။

မိုးတွေရွာရင်....

မိုးရေရတာပေါ့ဗျာ။ မိုးရေရတော့ရေခံလို့ ရတာပေါ့။ အဲ့တော့ ရေအတွက်ပူစရာမလိုဝူးပေါ့။ နောက်ပြီး မိုးများများရွာရင် မီးများများပိုလာသလိုလိုပဲ။ သစ်ပင်တွေလည်းရေမလောင်းရဖူးပေါ့နော်။

မိုးတွေရွာရင် ငယ်ငယ်တုန်းကတော့ မိုးရေချိုးတာပေါ့နော်။ အရမ်းသည်းမှချိုးဖြစ်တာပါ။ မိုးရွာတာ ကို အေးအေးဆေးဆေးထိုက်ကြည့်ရတာတော့ ကြိုက်တယ်ဗျ။ ဒါပေမယ့် မိုးရာသီကိုတော့မကြိုက်ဖူးပေါ့နော်။ ဘာဖြစ်လို့ လဲဆိုတော့ မိုးရွာတုန်း အပြင်သွားရတာစိတ်ညစ်ဖို့ ကောင်းတယ်။ ပြီးတော့ ထီးဆောင်းရမှာလဲပျင်းတယ်။ ငယ်ငယ်တုန်းက ကျောင်းဆင်းလို့  မိုးရွာရင် မိုးကာဝတ်ရတာ ပိုတောင်ပျင်းဖို့ ကောင်းသေး။ ကြီးလာတော့ ကျူရှင်သွားလိုက်ဘာသွားလိုက်နဲ့  မိုးနဲ့ သိပ်မကြုံဖြစ်တော့ဖူး။ မိုးရွာတာကို ထိုင်ကြည့်ရင်း ထမင်းဆီဆမ်းပူပူနွေးနွေးလေး စားရတာ တော်တော်ကောင်းတယ်။ မိုးရာသီနဲ့ ပတ်သက်ပြီး ခံစားချက်တော့မရှိပါဖူး။ မိုးရွာရင် ပျော်ဖို့ တော့ကောင်းတယ်..အပြင်မသွားရဘဲ အိမ်မှာနေရရင်ပြောတာပါ။ မိုးအေးအေးမှာ အိပ်ရတာလဲ အရသာရှိတယ်။ မိုးကိုတော့ကြိုက်တယ်။ မိုးရာသီကိုတော့မကြိုက်ဘူး။...သိပ်မရေးတတ်ဘူး။ဘာရေးရမလဲသိတော့ဖူး။
ပြီးပါပြီ။

ကျွန်တော်မှ တဖန် ပြန် tag ချင်သူများကတော့
၁) အေးချမ်းသူ သိုးမလေး
၂) ဂျပန်စာ ဆရာမ ယူဆဂိ
၃) စိတ္တဇညများပိုင်ရှင် ကိုမောင်မောင်
၎) လေးမ
၅) ကိုမိုးညိုတို့ ဖြစ်ပါတယ်။


post signature

3 comments:

hninhnin said...

ကိုပုဂံသား...
မိုးကို ထူးထူးခြားခြား ခံစားချက်မရှိဘူးပေါ့... သိုးလေးကတော့ ရှိတယ်။ မိုးရွာရင် သိုးလေးက လူတွေနဲ့ ကင်းတဲ့ တစ်နေရာလေးမှာ နားကျပ်ကက်ဆက်လေးနဲ့ သိုးလေးကြိုက်တဲ့ သီချင်း နားထောင်၊ ကော်ဖီပူပူလေးတစ်ခွက် သောက်... အဲလိုနေချင်တာ...

Layma said...

Oh !! u'r right...
We can have water, electricity and can save water for plants because of rain...
Well done !!!

ahmeisoekyi said...

အလဲ့ ဒီတယောက်က ....ကမ္ဘာမြေကြီးလောက်ပဲ စိတ်ဝင်စားဒယ်.. ဘာခံစားချက်မှလဲ မရှိပါလားကွယ်..