Thursday, June 14, 2007

ဆိတ်ဟူသည်မှာ....

၁။ ဆိတ်သည် သူပျော်ရာ ၌ ကျက်စားတတ်သည်။

၂။ ဆိတ်သည် ထိန်းကျောင်းနည်း မသိ လျှင် ထိန်းကျောင်းရခက်သည်။

၃။ ဆိတ်သည် ထိန်းကျောင်းမှုရှိမှသာ တိုးတက်သည်။

၎။ ဆိတ်သည် ရိုက်နှက်ဆုံးမ၍မရ။ ရိုက်နှက်ဆုံးမသော် ခတ္တခဏသာ ခံသည်။

၅။ ဆိတ်အား ထိန်းကျောင်းချင်လျှင် ဦးစွားသူ၏ မာနအား ချိုးနှိမ်ရမည်။

၆။ ဆိတ်အား အသုံးချတတ်လျှင် အကျိုးများစွာရှိသည်။

"ဆိတ်" ဟူသောစာလုံးများအား "စိတ်" ဟူ၍ ပြင်ဖတ်ကြည့်ပါ။ တော်တော်များများမှန်သည်ဟုထင်ပါသည်။ မတူတာ တစ်ချက်တော့ရှိတယ်။ ဆိတ်မှာ ချိုရှိတယ်။ စိတ်မှာ ချိုမရှိဘူး။ ဒါတောင်ပြောလို့ မရဘူး။ စိတ်မှာလည်း ချိုရှိရင် ရှိမှာ... ကျွန်တော်မသိလို့ ဖြစ်မှာ။ :D... ဆိတ်က ချိုနဲ့  လိုက် ဝှေ့ တတ်တယ်လေ။ စိတ်ကလည်း ဂြိုဟ်မွှေတတ်တယ်လေ။ ထိုကြောင့် ဆိတ်နှင့်စိတ်သည် တူညီသည်။(၁၀၀ရာခိုင်နှုန်းတော့မဟုတ်ဘူး၊ တူညီသည့်သလောက်တူညီသည်။) သြော် နည်းနည်း ကျန်ခဲ့လို့ ။ ဆိတ်က ကိုင်တွယ်လို့ ရတယ်။ ခြေလေးချောင်းလည်းရှိတယ်။ ပြီးတော့ ချက်စားလို့ လည်းရတယ်။ ဆိတ်နို့ လည်းသောက်လို့ ရတယ်။ စိတ်က ကိုင်တွယ်လို့ မရဘူး။ခြေလေးချောင်းလည်းမရှိဘူး။(ခြေအများကြီး ရှိတာဖြစ်မယ်။) ချက်စားလို့ လည်းမရဘူး။ စိတ်နှို့ လည်းမရှိဘူး။ ဒါပေမယ့် အသုံးချတတ်ရင် စိတ်က ဆိတ်ထက်ပို အကျိုးရှိတယ်။
ပြီးပါပြီ။
စိတ်ထင်တာရေးကြည့်ခြင်းဖြစ်ပါသည်။ ဖတ်၍မကောင်းပါက သည်းခံ ၍ဖတ်ပေးပါရန် မေတ္တာရပ်ခံပါသည်ခဗျာ။
post signature

1 comment:

Unknown said...

ဒွတ် အိုင်ဒီယာပဲ.. ဒီလို စိတ် နဲ့ ဆိတ် ကိုခွဲခြမ်းပြတာ :)