Thursday, June 28, 2007

စ၍ကားသောအရာများကိုပုံထားခြင်း = စကားပုံ


A good artist copies; A great artist steals.


အထက်ပါစကားပုံ(ကျွန်တော် အဲ့ဒါကို စကားပုံလို့ ပဲခေါ်လိုက်မယ်။ စကားပုံဟုတ်မဟုတ်တော့ကျွန်တော်လည်း သေချာမသိဘူး။ ပန်းချီဆရာကြီး Vandor ကပြောခဲ့တာလို့ ပြောတာပဲ။) သည် စတီးဗ်ဂျော့စ်,Steve Jobs,(apple ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ) နှင့် ဘီလ်ဂိတ်, Bill Gates,(microsoft ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သူ) နှစ်ဦးစလုံး သုံးစွဲ ခဲ့သော စကားဖြစ်ပါသည်။ စတီးဗ်ဂျော့ ဟာ personal computer ကို စတင်မိတ်ဆက်ခဲ့သူဖြစ်ပါတယ်။ အဲ့ ကွန်ပြူတာကြောင့် ပဲ သူဟာ ပန်းသီး ကုမ္ပဏီ ကိုတည်ထောင်နိုင်ခဲ့ပြီး ပန်းသီးဟာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင် လျင်မြန်စွာ ကြီးထွားလာခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ၁၉၈၅ ခုနှစ်မှာ ပန်းသီးမှ အလုပ်ထုတ်ပစ်ခြင်းခံရပြီး ၁၉၉၇ ခုနှစ်မှာ ပန်းသီးကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ ဒါကတော့ သူ့ ရာဇ၀င် အကျဉ်းပါ။ ဘီလ်ဂိတ်အကြောင်းက တော့ လူတိုင်းသိမယ်ထင်ပါတယ်။ ဒါကြောင့်ကျွန်တော်မပြောတော့ပါဘူး။ ဒါနဲ့  စတီးဗ်ဂျော့ဟာ University of California, Berkeley မှ drop out လုပ်ခဲ့သူဖြစ်ပြီး ဘီလ်ဂိတ်ကတော့ Harvard University မှ drop out လုပ်ခဲ့သူဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ သူ့ ခေတ်သူ့ အခါ မှာ ပါရမီရှင် လို့ ခေါ်ရ အောင်မြင်ကျော်ကြားခဲ့တဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် ဘီလ်ဂိတ်ဟာ စတီးဗ်ဂျော့ထက် ဘာဖြစ်လို့ ပို မို အောင်မြင်ရပြီး ယခုလက်ရှိ ကမ္ဘာ့အချမ်းသာဆုံးဖြစ်နေရသလဲဆိုတာ ကတော့ သူ့ အကြောင်းနဲ့ သူရှိပါတယ်။ ကဲ အဲဒါတွေထားလိုက်ပါ။ ခေါင်းစဉ်တောင်နဲနဲ ချော်သွားပြီ။....ကဲ သူတို့ နှစ်ဦး အပေါ်က စကားပုံကို ဘယ်မှာသုံး ခဲ့လဲဆိုတာကြည့်ကြရအောင်...... ၁၉၇၀ ပြည့်နှစ်များမှာ ကွန်ပြူတာနဲ့ ပတ်သက်ပြီး အရှိန်အ၀ါအကြီးဆုံး လို့ ပြောလို့ ရတဲ့ ကုမ္ပဏီ နှစ်ခုကတော့ IBM နှင့် Xerox တို့ ဖြစ်ပါတယ်။ စတီးဗ်ဂျော့ဟာ IBM ကို အနိုင်ယူဖို့  အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ IBM ကလည်း စတီးဂျော့က ကျော်သွားမှာကို စိုးရိမ်ခဲ့ရပါတယ်။ စတီးဂျော့ဟာ ကွန်ပြူတာခေတ်ကို ၁ခေတ်ဆန်းစေမဲ့ graphical interface ကွန်ပြူတာကို ထုတ်လုပ်ဖို့ အတွက်လိုအပ်တဲ့ အရာ တခု ကို ရှာဖွေခဲ့ပါတယ်။ သူရှာဖွေခဲ့တဲ့နေရာကတော့ Xerox ကုမ္ပဏီရဲ့ အ၀င်ဝမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲ့အချိန်မှာ Xerox ဟာ အလွန်ကြီးမားတဲ့ကုမ္ပဏီဖြစ်တဲ့ အတွက် အမေရိကန်တနိုင်ငံလုံးမှာ ရှိတဲ့ အင်ဂျင်နီယာများဟာ သူတို့ တီထွင်ခဲ့တဲ့ ပစ္စည်းတွေကို Xerox ကုမ္ပဏီမှာလာ မိတ်ဆက်ကြပါတယ်။ စတီးဗ်ဂျော့ Xerox ကုမ္ပဏီကို မသွားခင် သူ့ လုပ်ဖေါ်ကိုင်ဖက်များကိုပြောခဲ့တဲ့စကားကတော့ "A good artist copies; A great artist steals" ဖြစ်ပါတယ်။ သူဟာ Xerox ကုမ္ပဏီရဲ့ အ၀င်ဝ ကနေပြီးတော့ ဘာကို ရရှိခဲ့သလဲဆိုရင် Xerox ကုမ္ပဏီ က အသုံးမ၀င်ဖူးထင်လို့ ပါယ်ချလိုက်တဲ့ ကျွန်တော်တို့ ယခုထက်တိုင်သုံးနေတဲ့ ကြွက်(mouse) နည်းပညာကို ရရှိခဲ့ပါတယ်။ အဲ့နည်းပညာကို အသုံးပြုပြီးတော့သူဟာ Macintosh ကွန်ပြူတာကို ထုတ်လုပ်ခဲ့ပါတယ်။............ ဘီလ်ဂိတ်ဟာ operating system ၁ခုကို ကွန်ပြူတာ ကုမ္ပဏီ အသေးစားလေး၁ခု ကနေ ဒေါ်လာ ၅သောင်းနဲ့ ဝယ်ပြီးတော့ IBM ကုမ္ပဏီ ကို ရောင်းချခဲ့တဲ့အတွက်ဒေါ်လာသိန်းပေါင်းများစွာရရှိခဲ့ပါတယ်။ အဲ့ဒီကစပြီးတော့ သူဟာ Microsoft ကုမ္ပဏီ ကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ သူ့  operating system အတွက်လို အပ်တဲ့ programming language က ပန်းသီးကုမ္ပဏီ မှာ ရှိမှန်းသိတဲ့အခါ သူ ဟာ အဲ့ ကုမ္ပဏီကို သွားရောက်ပြီး စတီးဗ်ဂျော့နဲ့ တွေ့ ဆုံခဲ့ပါတယ်။ သူ မသွားခင်သူ့ လုပ်ဖော်ကိုင်ဖက်များကိုပြောခဲ့တဲ့စကားကတော့ "A good artist copies; A great artist steals" ပဲ ဖြစ်ပါတယ်။ သူ့ ဟာ ပန်းသီးကုမ္ပဏီ ကိုရောက်တဲ့အခါမှ စတီးဗ်ဂျော့ ကမိတ်ဆက်ပြသခဲ့တဲ့ Macintosh prototypes ကွန်ပြူတာ ၃လုံးကို ရအောင် ကမ်းလှမ်းနိုင်ခဲ့ပါတယ်။ အဲ့ prototypes ကနေပြီးတော့သူ ဟာ ကြွက်နည်းပညာကို ရရှိခဲ့ပြီးတော့ ယခုအချိန်မှာ လူသုံးအများဆုံးဖြစ်တဲ့၊ သူ့ ကို ကမ္ဘာ့အချမ်းသာဆုံးဖြစ်အောင်လုပ်ပေးခဲ့တဲ့ Windows Operating System ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။......စတီးဗ်ဂျော့နဲ့ ဘီလ်ဂိတ် နှစ်ဦးစလုံးဟာ သူများတီထွင်ခဲ့တဲ့နည်းပညာကို ရရှိအောင်ယူနိုင်ခဲ့ပြီးတော့ ကောင်းမွန်စွာကိုင်တွယ်အသုံးချနိုင်ခဲ့ကြပါတယ်။ ကျွန်တော်ပြောချင်တာက တချို့ ဗမာပြည်ကလူတွေဟာ အဆိုတော်တွေ ကော်ပီဆို၊ ကော်ပီရေးတဲ့အခါမှာ မကြိုက်ကြပါဘူး။ ဒါပေမယ့် အဲ့ဒါဟာ အထင်သေးစရာတော့မဟုတ်ပါဖူး။ သူတို့ ဟာ good artists တွေမို့ လို့ ကော်ပီကူးကြတာပါ။ တကယ်လို့ သူတို့ ဟာ great artists တွေတာဖြစ်ကြမယ်ဆိုရင် steal လုပ်ကြမှာပါ။ တနည်းအားဖြင့်ပြောရရင် ကော်ပီဆိုသူပဲဖြစ်ဖြစ် ကော်ပီကူးသူပဲဖြစ်ဖြစ် သူတို့ ဟာ တခြားလူမျိုးတွေရဲ့ အနုပညာဂီတကို ဗမာလူမျိုးတွေ နားလည်လွယ်အောင်၊ ခံစားရလွယ်အောင် ဗမာဘာသာ ပြန်ပြီးတော့ ကူညီနေကြတယ်လို့ ပဲမှတ်လိုက်ပါ။ ကျွန်တော်တို့ လို သာမာန်လူတွေဟာ(တကယ်တော်တဲ့၊တတ်တဲ့၊ ဂီတဆရာ့ဆရာကြီးတွေမပါဖူးပေါ့နော်။) သူတို့ ကို အထင်သေးစရာအကြောင်းမရှိသလို၊ ရှုတ်ချစရာအကြောင်းလဲမရှိပါဖူး။ ကြိုက်ရင်တော့နားထောင်ပါ။ မနှစ်သက်ရင်တော့ မျက်ကွယ်ပြုလိုက်ရုံပါပဲ။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ပါ။ ကျွန်တော် အဲ့လိုပြောလို့  ကော်ပီရေး၊ ကော်ပီဆိုသူတွေကို အားပေးအားမြောက်ပြုတာတော့မဟုတ်ပါဘူး။ရှုတ်ချသရော်တာလည်းမဟုတ်ပါဘူး။ အရာရာကို အကောင်းမြင်တတ်အောင် ကျွန်တော်စဉ်းစားမိသလောက် ကျွန်တော်ရဲ့ သေးဖွဲသိမ်နုပ်တဲ့ဥာဏ်ကလေးမီသလောက် ထုတ်ဖော်ပြောကြည့်တာပါ။ လူတိုင်းလူတိုင်း အရာရာတိုင်းကို အကောင်းဖက်မှ စဉ်းစားတွေးတော ကြည့်ရှုခံစား မြင်နိုင်ကြပါစေလို့ ......................................။


စကားချပ်။ ။ စတီးဂျော့နှင့်ဘီလ်ဂိတ် အကြောင်းကတော့ ကျွန်တော် တနေ့ ကကြည့်လိုက်တဲ့ "Pirates of Silicon Valley" ရုပ်ရှင်ထဲကဖြစ်ပါတယ်။

post signature

5 comments:

moe nyo said...

မြန်မာ ကော်ပီ သီချင်းတွေနဲ့ပတ်သတ်လို့ အစ်ကိုနဲ့ ကျနော် သဘောတူတယ်ဗျ...
ဟုတ်တယ် ... ရှိသင့်လို့ ရှိခဲ့တာပဲနော် ... ကျနော်တို့လည်း ကြိုက်ခဲ့တာပဲ ...
ဒီစာအတွက် ကျေးဇူးဗျာ ... တွေးစရာတွေရလို့ ....

Unknown said...

I totally accept with ur ideas.
ကွန်ပျူတာသမားတွေ အတွက်ကတော့ ရှာတတ် ကူးတတ် ခိုးတတ်မှ အဆင်ပြေမယ် :D..အဲ့ပေါ်မှီကိုးပီး .. နောက်ဆုံး ကိုယ်ပိုင် idea လေး ထပ်ပေါင်းလိုက်တော့ အိုတေတွားတာပေါ့.. မြန်မာစကားပုံလေး ရှိပါဒယ် " စု..တု..ပြု " တဲ့.. :P

Layma said...

ထောက်ခံပါတယ်…..ပုဂံသားရေ……ဗိသုကာ လက်ရာတွေမှာလဲ သဘာဝကို အတုခိုးပြီး ကမ္ဘာကျော်သွားတဲ့လက်ရာတွေ အများကြီးပါဘဲ….။ အစ်မ တနေ့  အဲဒီလက်ရာတွေ အကြောင်းရေးဦးမယ်……။ Copy သင့်တာကို copy ပြီး modify လုပ်ကြရမှာ လူသားတွေရဲ့ တာဝန်ပါ….ဒါကြောင့် Copycat တွေကို အပြစ်ဆိုစရာ အကြောင်းမရှိပါဘူး….ဟီးဟီး….ရှိပြီးသား Template ကို copy ပြီး modify ထားတဲ့ “ လေးမ” ကိုလည်း အပြစ်မတင်သင့်ဘူးမဟုတ်လားဟင်…..။

နှစ်ကူး said...

ဒီလိုဆိုတော့လဲ ဟုတ်တလိုလိုရှိသားနော်... ^_^

hnin said...

ကိုပုဂံသားရေ... ကော်ပီကူးတာ ကောင်းပါတယ်။ သိုးလေးတောင် eot ဘယ်နားထည့်ရမှန်းမသိလို့ ကိုပုဂံသားဟာကို ကြည့်လိုက်ရသေးသပ။ သို့သော်လည်း မ၀င်ဘူးထင်ပါ့။ ဖတ်မရဘူးပဲ ပြောနေကြတယ်။