Wednesday, May 30, 2007

ကျွန်တော်နှင့်အိမ်

ူလူတော်တော်များများသည် အပြင်လျှောက်လည်ရသည် ကိုကြိုက်သည်။ ခရီးထွက်ရသည် ကိုလည်း ကြိုက်တတ်ကြသည်။ အပြင်လျှောက်လည်လျှင် စိတ်ပေါ့ပါးမှုကို ရသည်။ ခရီးထွက် လျှင် စိတ်အပန်းပြေသည် ဟုပြောကြသည်။ ကျွန်တော့်အတွက် ဆိုလျှင် အပြင်လျှောက်လည်ရသည်ကို သဘောမကျ။ ခရီးထွက်ရသည်ကတော့ မဆိုး ဒါပေမယ့် ခရီးသွားရသည်မှာ ပင်ပန်းသည်။ ကိုယ်သွားချင်တဲ့ နေရာကို teleport လုပ်လို့ ရရင်တော့ကောင်းမယ်။ :D ..... ကျွန်တော်ကတော့ အိမ်ကိုပို ကြိုက်သည်။ အိမ်ဆိုတာ home ကို ပြောတာ house ကို ပြောတာမဟုတ်ဘူး။ ကိုယ့်မိသားစု နဲ့  အေးအေး ဆေးဆေး နေရ သည် ကိုက နွေးထွေးပျော် ရွှင်မှုရှိသည်။ သင်္ကြန်ဆိုလျှင် ကျွန်တော် အိမ်မှာဘဲနေလေ့ရှိသည်။ ဂိမ်းဆိုင် ၃၊၄ နာရီသွားတာတော့ရှိသည်။ သို့ သော်အိမ်မှာနေသည်က ပိုများသည်။ သင်္ကြန်ဆိုတော့ ကျွန်တော့် တမိသားစု လုံးအားကြသည်။ အိမ်မှာ မုန့် မျိုးစုံ လုပ်စားကြသည်။ အေးအေးဆေးဆေး ထွေရာလေးပါး လျှောက်ပြောကြသည်။ ဘာဘဲ ပြောပြော ရေပက်ခံထွက်ရ တာတို့ ၊ မဏ္ဍပ် ထိုင်ရတာတို့ ထက် တော့ ပိုပျော်ဖို့ ကောင်း သည်။ အိမ်သည်သာ ကျွန်တော့်အတွက် အနွေးထွေး ဆုံးနေရာဖြစ်မည်ထင်သည်။ အိမ်ကတော့ ပြောသား မင်းအိမ် မှာချည်း ဘဲ ကုပ်မနေနဲ့  အပြင်လေ ဘာလေ ထွက်လည် ဦးတဲ့။ ပြောသာပြောရတာ အိမ်မှာနေရတာက ပိုပျော်ဖို့  ကောင်းတယ်။ အပြင်ထွက်လည် လည်း ဘယ်မှမသွားချင်ဘူး။ ဟီးဟီး ဂိမ်းဆိုင်သွားရတာတော့ ပျော်ဖို့ ကောင်း တယ်။ ဂိမ်းဆိုင် ကို အားလို့  သွားလျှင် တခါ တလေ ၁၀ နာရီ ၁၂နာရီလောက် ကြာတတ်သည်။ ဘာပဲ ပြောပြောပါ အိမ်မှာ နေရ တာလောက်ပျော်ဖို့  မကောင်း ဘူး။ အင်းလေ... ဟုတ်တော့လည်းဟုတ်သည် အိမ်ကတော့ အိမ္ဘာဘဲ။။....... HOME SWEET HOME!!!

3 comments:

Phyu Lay said...

HOUSE = a shelter with 4 walls and a roof where you can live inside.

HOME = a shelter with 4 walls and a roof where you can live inside, where you can see your beloved people faces, laughes and hear their voices, where you know every single corner very well, where you have the feeling "This is where I belong", where you can recall your wonderful childhood memories,.... and above all ... where LOVE surrounds you... and your heart lies.

Unknown said...

nice,
I miss my home too.

DaxZanos said...

Great man,
I miss my home where my beloved parents, my cat, my uncle and my sister live.
" Home sweet Home "