Wednesday, May 30, 2007

အမေးနှင့်အဖြေကိုသုံးသပ်ကြည့်ခြင်း

သူငယ်ချင်း ၁ယောက်ကမေးတယ်..... If you have it, you don't need to have anything else. If you don't have it, it doesn't matter much what else you do have.... သူငယ်ချင်း ၁ယောက် ကပြန်ဖြေတယ်...L-O-V-E ? i think so, Love can give to everyone that feel. နောက်သူငယ်ချင်း ယောက်ကလည်း ဖြေတယ်....I will say "satisfaction"!! Coz if you are satisfied with everything, why do you need more. Right?
But though Love can create "satisfaction" to an extant.!
ကဲ ကျွန်တော်ကတော့ မဖြေကြည့်တော့ဘူး... သူများဖြေထားတဲ့ အဖြေတွေကိုပဲ စဉ်းစားကြည့်တော့မယ်။ မေးတဲ့ သူကတော့ တော်တော်စဉ်းစားပြီးမေးတာ ဟုတ်လား မဟုတ်လားတော့မသိဘူး။ဖြေတဲ့သူ ကတော့ တော်တော်စဉ်းစားပြီးဖြေရမယ်..ထင်တာပြောတာပါ.. ဖြေတဲ့သူတွေက စဉ်းစားချင်မှလည်းစဉ်းစားမှာပေါ့.. ပထမ ၁ယောက် ရဲ့ အဖြေ ကိုအရင် သုံးသပ်ကြည့် ရအောင်... သူက "အချစ်" လို့  ဖြေတယ်။ မှန်တော့လည်းမှန်မှာပဲ။ သီချင်းတွေကဗျာ တွေမှာ ပါတာပဲ.. "အချစ်ရှိရင်ပြီးပြည့်စုံပြီ".. ကျွန်တော်သေချာ သာ ၁ခုရှိတယ်.. သူပြောတဲ့အချစ်ဆိုတာ ၁၅၀၀ အချစ်ဖြစ်မယ်။ စာတွေ ရုပ်ရှင်တွေထဲမှာတော့ဖြစ်နိုင်တယ်။ အချစ်က အရာအားလုံးကိုပေးစွမ်းနိုင်တယ်ဆိုတာ.. အပြင်မှာကျတော့ နဲနဲခက်ခဲမယ်ထင်တယ်...မဖြစ်နိုင်ဘူးရယ်လို့ တော့လည်းမဟုတ်ဘူး..ဖြစ်နိုင်ခြေတော့ရှိတယ်၊ နည်းတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ အချစ်က ဗိုက်မှ မ၀တာ..မယုံရင် စမ်းကြည့်ပါလား..ချစ်တယ်ချစ်တယ်ပြောပြီး ထမင်းမကျွေးဘဲ ၂ ရက်လောက်ထားကြည့်ပါလား..ခုနက ချစ်တယ်ဆို တာဘယ်ရောက်သွားမှန်းတောင်သိမှာမဟုတ်ဘူး။ လက်တွေ့ မှာကျတော့ ငွေရေး၊ကြေးရေး၊စားဝတ်နေရေး တွေပါ ထည့်စဉ်းစားရမှာကို။ရုပ်ရှင်တွေစာတွေထဲ မှာလို ဒါရိုက်တာတို့  စာရေးဆရာတို့  က ဇာတ်ကောင်တွေကို ထမင်း ကျွေးမှာမှ မဟုတ်တာ။ အဲဒါကြောင့် ကိုယ်က တကယ်ချစ်ပြီ ဆိုရင် သူ့ ဘ၀၊စားဝတ်နေရေး တွေပါ ထည့်စဉ်းစား ပေးရမယ်။ စဉ်းစားကြည့်မယ်ဆို ရင် ပထမ "အချစ်" လို့ ဖြေတဲ့ ၁ယောက် က ဆယ်ကျော်သက် ၂၀ ပတ်ဝန်းကျင် ဖြစ်ဖို့ များတယ်။(သူက အပြင်မှာ ကျွန်တော့်သူငယ်ချင်း ဆိုတော့ သူ့ အသက်ဘယ်လောက်ဆိုတာ ကျွန်တော်သိတာပေါ့၊ ဒါပေမယ့် မဆိုင်ပါဘူး။ သူ့ ဖြေကနေ သူ့ အသက် ကို မှန်းဆ လို့ ရပါတယ်) ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော် တို့ လို ဆယ်ကျော်သက် တော်တော်များများဟာ ဘ၀ အကြောင်း သိပ်မသိ ကြသေးပါဘူး။ ဒါပေမယ့် လူပျို ဖေါ်အပျိုဖေါ် ၀င် ချိန်ဖြစ်တဲ့ အတွက် ဟော်မုန်းတွေပြောင်းလဲမှုနဲ့  အတူ ကိုယ့်ရဲ့  ဆန့် ကျင်ဖက်လိင် ကို စိတ်ဝင်စား လာကြပါပြီ။ အဲ့ဒီမှာ သူတို့ တွေစ သိတာက အချစ်ဖြစ်ပါတယ်။ အချစ်ဝထ္ထုတွေ ဘာတွေဖတ်ပြီး ၀ထ္ထုတွေထဲကလို အချစ်ရှိရင် အရာရာပြီးပြည့်စုံ ပြီလို့ ထင်နေကြတာပါ။ အဲ့ဒီမှာ မမှားသင့်တာတွေမှား ကြပါတယ်။တကယ်တန်းကျတော့ ကိုယ့်ဘ၀ ကိုရုန်းကန်တဲ့ အခါ အချစ် ၁ခုတည်း နဲ့ လုံလောက် ချင်မှ လုံလောက်မှာပါ။ အချစ်က ကိုယ့်ဘ၀ ကို အောင်မြင်အောင်လည်းလုပ်နိုင်ပါတယ်။ လုံးပါးပါးသွားအောင်လည်းလုပ်နိုင်ပါတယ်။ ကိုယ်က အချစ်ရဲ့  စေစားမှုကို မခံဘဲ ကိုယ်ကသာ အချစ်ကို စေစားနိုင်မယ်ဆိုရင် လူတိုင်း သာယာတဲ့ အိမ်ထောင်ရေး ကို တည်ထောင်နိုင်မယ်ထင်တာပဲ။..ဒါကြောင့် ပထမ ၁ယောက် ရဲ့ အဖြေက အတိုင်းအတာ ၁ခု အထိမှန်တယ်လို့ ထင်ပါတယ်.. သူပြောတဲ့အချစ် သာ ၅၂၈ အချစ် မေတ္တာ ဖြစ်ခဲ့မယ်ဆိုရင် ပိုမှန်နိုင်ပါတယ်။ ဒါပေမယ့် ၅၂၈ အချစ်မေတ္တာ အပေးခံရ သူတွေဟာ သူတို့ ကို သူတို့  အပေးခံနေရမှန်းမသိတာများပါတယ်..အဲ့ဒါကြောင့် သိသာတဲ့ ၁၅၀၀ နောက် ကို လိုက်နေကြတာပါ။ တကယ်တော့ ၅၂၈ က ၁၅၀၀ ထက် အများကြီးသာပါတယ်။ ပိုလည်းအေးချမ်းပါတယ်..ကဲထားလိုက်ပါ..ဒုတိယ ၁ယောက်ရဲ့ အဖြေကို သုံးသပ်ကြည့်ရအောင်....သူကတော့ "လိုအင်ဆန္ဒပြည့်ဝမှု" လို့ ဖြေပါတယ်။ သူက ပထမ ၁ယောက်ဖြေ ပြီးမှ ဖြေတာပါ။ သူ့ အသက်ကို တော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် သေချာပါတယ် သူက ၂၅ ပတ်ဝန်းကျင်မှာဖြစ်ရမယ်။ ဘာဖြစ်လို့  လဲ ဆို တော့ သူ့ အဖြေ က ပထမ ၁ယောက် ထက်အနည်းငယ် ပို ရင့်ကျက်ပါတယ်( ဒါမှမဟုတ် သူကလည်း အချစ်လို့ ဘဲ ဖြေချင် ပေမယ့် ပထမ ၁ယောက်နဲ့  မတူအောင် ပို ပြီး ယေဘုယျ ကျတဲ့ အဖြေ ကို ဖြေတာလည်း ဖြစ်နိုင်ပါတယ်..ဘာဖြစ် လို့ လဲ ဆိုတော့ သူ့ အဖြေမှာ အချစ်ကလည်း လိုအင်ဆန္ဒပြည့်ဝမှုကိုပေးစွမ်းနိုင်တယ်လို့ ဖြေထားပါတယ်။)... သူ့ အဖြေကို ကြည့် ခြင်းအားဖြင့် သူဟာ ဘ၀မှာ အချစ် ၁ ခု ထဲ နဲ့ မလုံ လောက်ဘူးဆိုတာ သိနေပါပြီ။ ငွေရေး ကြေးရေး စားဝတ်နေရေး ပါ အဆင်ပြေမှ ရမယ်ဆို တာသိနေပါပြီ။ ဒါကြောင့် သူက လိုအင်ဆန္ဒပြည့်ဝမှု လို့ ဖြေတာ ဖြစ်နိုင်ပါတယ်။..သူ့ အဖြေကတော်တော်လေးမှန်ပါတယ်။ လူ၁ယောက်မှာ လိုအင်ဆန္ဒပြည့်ဝ ရင် ဘာမှ မလို တော့တာသေချာပါတယ်..ဒါပေမယ့် "လူ့ အလို နတ်မလိုက်နိုင်" တဲ့။ ၁ခု ပြည့်ဝသွားရင်တောင် နောက်၁ခု ကို လိုချင်နေဦးမှပါဘဲ။ ဒါကြောင့်လိုအင်ဆန္ဒပြည့်ဝ သွားတယ်ဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် ဒုတိယ တစ်ယောက်ရဲ့  အဖြေကလည်း ၁၀၀% မမှန်ပါဘူး။ ကျွန်တော် တော့ အဲ့မေးခွန်းကို မဖြေတတ်ဘူး ခင်ဗျ။ ဖြေတတ်သူများရှိရင်တော့ comment မှာဝင်ရေးသွား ကြပါ ခင်ဗျာ။ မေးတဲ့ သူက ဘယ်လို စဉ်းစားပြီး မေးလိုက် လဲတော့ မသိဘူး.. ဖြေတဲ့သူကတော့ တော်တော့် ကိုစဉ်းစားမှ တိကျတဲ့ အဖြေရလောက်တယ်.......မပြောတတ်ဘူးခင်ဗျ။ အခုတော့ ဗိုက်ဆာလာ လို့  ၁ခုခု သွားလုပ်စားပါတော့မယ်..ဆက်မရေးနိုင်တော့ပါဘူးခင်ဗျ.... :D :D º¿º

4 comments:

Unknown said...
This comment has been removed by a blog administrator.
ngathant said...

'death' seems the only answer to me dude. we all were born w/ greed. greed is in everybody alive & greed won't end 'til death. any other answers wont jus work w/ this question on this earth of ours. hmm.. hang on. having 'death,' i'll need nothing else? now, that's wierd. =P

s_potato said...

ကျန်းမာခြင်း လို့ဖြေချင်တယ်

DaxZanos said...

I agree s_potato comment.

It's " Healthy life ".