Prostitution in Myanmar is a major social issue that particularly affects women and children.
Myanmar is a major source of prostitutes (an estimate of 20-30,000) in Thailand, with the majority of women trafficked taken to Ranong, which borders Myanmar at its south and Mae Sai, which is located at the eastern tip of Myanmar.[1][2] The majority of Burmese prostitutes in Thailand are from ethnic minorities.[2] Myanmar is also a source country of sex workers and forced labourers in China, Bangladesh, Taiwan, India, Malaysia, Korea, Macau, and Japan.[3] Internal trafficking of women for the purpose of prostitution occurs from rural villages to urban centres, military camps, border towns, and fishing villages.[3]
Women are often lured to prostitution with the promise of legitimate jobs, substantially higher pay, and because their low educational levels makes it difficult for them to find jobs elsewhere. In many instances, such women come from remote regions.[4]
In Yangon, prostitution often occurs in hotels that also operate as brothels. The recent appearance of massage parlours began in 1995, with ethnic minority groups such as the Wa running such businesses in particular.[5] Nightclubs are also frequented by prostitutes in Yangon, who work independently.[6] .......
Prostitution was banned in 1785, during the early Konbaung dynasty period.[7]
Under the Suppression of Prostitution Act, which was enacted in 1949, the act of soliciting or seducing in public is illegal, as is forcing or enticing women into prostitution or owning brothels. The Penal Code guarantees protection of female children from sexual abuse, with any persons found having sexual intercourse with a girl of under 14 years charged (with or without consent) charged with rape. The Child Law, enacted in 1993, raised the age of consensual sex to 16 and illegalizes prostitution. The Child Law also makes it a punishable offence to use children in the creation of pornographic materials. However, no laws currently protect boys.[8]
......Myanmar has the third highest HIV prevalence rate in Asia, after Cambodia and Thailand. Sex workers are particularly at risk, with 32% infected with the disease.
အပေါ်က စာတွေက ကျွန်တော် http://en.wikipedia.org/wiki/Prostitution_in_Myanmar က နေပြီး ကူးထားတာ။ပြည့်တန်ဆာ=မကောင်းသောမိန်းမ၊-ာမ လို့  လူတွေကခေါ်ကြတယ်။ ကျွန်တော် ကတော့ မကောင်းတဲ့မိန်းမ၊-ာမ လို့ မခေါ်ဘူး ပြည့်တန်ဆာလို့  ပဲခေါ်မယ်...အင်းလေ သူတို့ အားလုံး မကောင်းတာမှ မဟုတ်တာ။ ဘ၀အခြေအနေကြောင့် မလုပ်ချင်ဘဲ လုပ်နေရတဲ့သူတွေလဲ ရှိတာပဲ။ နိုင်ငံတကာ မှာ ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် ခွင့်ပြုတယ်..ကျွန်တော်တို့  မြန်မာပြည် မှာတော့ ခွင့်မပြုဘူး ခင်ဗျ..အဲ အဲ့ဒီတော့ တရားမ၀င် ပြည့်တန်ဆာဆိုပြီး ပေါ်လာရော..ကဲ အဲ့ဒီတော့ ပိုမဆိုးသွားဘူးလားခင်ဗျ။ အဲ့ဒါတွေက အရေးမကြီးပါဘူး...ကျွန်တော်ပြောချင်တာက ပြည့်တန်ဆာလုပ်တဲ့ သူတွေကို ကျွန်တော် တို့ မြန်မာ လူမျိုးတွေက အထင်သေးကြတယ်..အထူးသဖြင့် ယောက်ျားတွေ ကအထင်သေးရင် ပိုဆိုတယ်... ကျွန်တော့် အထင် ပြည့်တန်ဆာတွေကို အထင်သေးတဲ့ ယောက်ျားတွေ က တော်တော့်ကို ကိုယ်ချင်းမစာ တတ်တဲ့ အထဲမှာ ပါမယ်ထင်တယ်။ ဟုတ်တယ်လေ..ပြည့်တန်ဆာတွေဆီ က၀န်ဆောင်မှုယူတော့ သူတို့ ပဲ ယူကြတာပဲ..ဘယ်သူမှယူတာ မဟုတ်ဘူး...မြန်မာစကားပုံ ရှိတယ် "အလုပ်ဟူသမျှ ဂုဏ်ရှိစွ" တဲ့..ဒါပေမယ့် ပြည့်တန်ဆာ အလုပ်ကြတော့ ဘာလို့ အထင်သေးကြလဲ မသိဘူး..သူလည်းအလုပ်၁ခု ပဲလေ..အထင်သေးစရာမရှိပါဘူး...ပြီးတော့ ပြည့်တန်ဆာလုပ်ငန်းဆို တာ အစောဆုံး လုပ်ငန်းလို့  ပြောလို့  ရတယ်...ဟိုရှေးဘုရင်တွေ လက်ထက်တည်းက တိုင်းပြည်၁ခု မှာ အချောဆုံးသူ ကိုရွေးပြီး တခြားတိုင်းပြည်တွေနဲ့  သံတမန်ဆက်ဆံတဲ့ အခါ မှာ ၀န်ဆောင်မှုပေးတဲ့ အနေ နဲ့ သုံးကြတယ်။ ပြည့်တန်ဆာ ကို လူတိုင်းက လုပ်ချင်လို့  လုပ်နေကြတယ်များ မှတ်နေလား မသိပါဘူး..ဘယ်သူက လုပ်ချင်မှာလဲ.. ကိုယ့် ဘ၀ အခြေအနေ ကြောင့်လုပ်နေ ကြတယ်သူချည်းပဲ။(ချွင်းချက် တချို့ တလေတော့ရှိမှာပေါ့လေ။) အခု ပိုဆိုး တာပေါ့။ မြန်မာပြည်မှာ စီးပွားရေး အခြေအနေက မကောင်း ဘူးဆိုတော့ ပြည့်တန်ဆာတွေပိုပေါလာတာပေါ့..လွန်ခဲ့တဲ့ ၃၊၄ နှစ်က အထည်ချုပ်စက်ရုံတွေ ပိတ်သွားတော့ အလုပ်လက်မဲ့တွေ ပိုများလာပြီး တော်တော်များများ ပြည့်တန်ဆာတွေ ဖြစ်လာကြတယ်။ တချို့ က လည်း ကိုယ့် အိမ်က မသိအောင် ခိုးလုပ်ကြတယ်...တချို့ ကြတော့လည်း အိမ်က သိသိကြီးနဲ့ မျက်စိမှိတ်ပြီး မသိချင်ယောင်ဆောင်ပေးရတာပေါ့..ဘယ်တတ်နိုင်မလဲလေ..စားဖို့ သောက်ဖို့ မှမရှိတာ..ဘယ်သူကမှတော့ ကိုယ့်သမီးကို ပြည့်တန်ဆာ လုပ်စားခိုင်းချင်ပါ့မလဲ... ကျွန်တော့် အနေနဲ့  တော့ ပြည့်တန်ဆာလုပ်ပြီး ကိုယ့်မိဘကို လုပ်ကျွေးနေတဲ့ သမီး က ဟေးလားဝါးလားနဲ့  မိဘပိုက်ဆံ ထိုင်ဖြုန်းနေတဲ့ သား ထက် အများကြီးပို မြင့်မြတ်တယ်..ဒါပေမယ့် society မှာ ကျတော့ လူတွေက ပြည့်တန်ဆာလုပ်တဲ့ သမီး ကိုအထင်သေးပြီးတော့ ဟိုသားကို ကျတော့ အထင်မသေးကြဘူး။ စဉ်းစားကြည့်ကြပါ ဘယ်သူက မိဘကို လုပ်ကျွေးနေလဲဆိုတာ..သူ့ ခမျာ HIV/AIDS ရောဂါတွေကြားမှာ စွန့် စားပြီးတော့သူ့ မိဘကိုလုပ်ကျွေးနေတာပါ၊သူ့ မိဘ ခမျာမှာ လည်း ကိုယ့်သမီး ပြည့်တန်ဆာလုပ်လို့ ရလာတဲ့ ငွေနဲ့ ဝယ်ကျွေးတဲ့ ထမင်းနှင့်ဟင်းကို မျက်လုံးစုံမှိတ်ပြီး မျိုချနေရတာပါ..အဲဒါကြောင့်ကျွန်တော်ပြောချင်တာက ပြည့်တန်ဆာဆို တိုင်း အထင်မသေးကြပါနဲ့ ..ကိုယ်ချင်းစာနာပေးကြပါ...ကိုယ်တတ်နိုင်သလောက်ကူညီကြပါ(ကူညီကြပါဆိုလို့ ငါကတော့ကူညီမယ်ဆိုပြီးတော့ သွားပျော်ပါးခိုင်းတာမဟုတ်ဘူး၊ တချို့ လူတွေကရှိသေးတယ် ကိုယ့်မှာ HIV/AIDS ရှိတယ်လဲသိရော သူများလည်းကူးအောင်ဆိုပြီးတော့ ပြည့်တန်ဆာနဲ့ သွားပျော်ပါးကြတယ်..အဲလိုမျိုးလုံးဝ မလုပ်သင့်ပါဘူး...ကိုယ့်မှာရှိတယ်ဆိုရင် ကိုယ်က မပြန့် ပွားအောင်ထိန်းသိမ်းရမှာပါ..ဖြန့် ဖြူးဖို့ မဟုတ်ပါဘူး)...ကိုယ့် ဆွေမျိုးသားချင်းတွေထဲမှာလည်း အဲ့လိုရှိခဲ့မယ် ဆိုရင် ဘယ်လို ခံစားရမလဲဆို တာ စဉ်းစားကြည့်ကြပါ။ ပြည့်တန်ဆာဆိုတာ လူတကာရဲ့ အထင်သေး တဲ့မျက်လုံးတွေအောက်မှာ ကိုယ့်ဘ၀ အတွက်ရုန်းကန်နေရတဲ့သူတွေပါ။ အခုနောက်ပိုင်းတော့ မြန်မာပြည်မှာလည်း NGO အဖွဲ့ တွေကနေပြီးတော့ပြည့်တန်ဆာတွေကို ပညာပေးတဲ့ လုပ်ငန်းတွေလုပ်နေကြပါပြီ..ဒါပေမယ့် အဲ့ဒါတွေက နယ်စပ်တွေမှာပါ။ ရန်ကုန်မြို့ တို့ လိုမြို့ ကြီးတွေမှာကြတော့ တရားမ၀င်လူမသိအောင်ခိုးလုပ်နေတာ(ခိုးလုပ်တယ်တာပြောတာဘာ လူတိုင်းသိပါတယ်..သူတို့ မဖမ်းရင်တော့အကောင်းပဲ)ဆိုတော့ အဲ့လိုပညာပေးလုပ်ငန်းတွေလုပ်လို့ မရသေးပါဘူး...ပြည့်တန်ဆာတိုင်း ကူးစက်ရောဂါတွေနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေကိုသိထားသင့်ပါတယ်။။...သြော်..လူတိုင်းလူတိုင်း ပြည့်တန်ဆာလုပ်ငန်းနှင့်ကင်းဝေးပါစေလို့ ဆုတောင်းရင်း........................
စကားချပ်။ ။ ဖိုရမ် ၁ခုတွင်ဖတ်မိရ်ျ idea ရသောကြောင့်ရေးသားခြင်းဖြစ်ပါသည်။။။
2 comments:
So Sad to hear the news. Thanks and I do great admire to you about consideration to them. They are also human being. So we need to help them to way out. Together we can do the best.
ပြည့်တန်ဆာ တစ်ယောက်ကို အထင်မသေးဘူး ပြောတာကတော့ အားလုံးပဲ ပြောလို့ရပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဘယ်သူပဲ ဖြစ်ဖြစ် သိသိကြီးနဲ့ ပြည့်တန်ဆာမတစ်ယောက်ကို အိမ်သူအဖြစ် လက်ထပ်ယူနိုင်ဖို့ရာ အတော်မလွယ်ကူတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။
ဒီအလုပ်ဟာ အထင်သေးစရာ အလုပ်တစ်ခု မဟုတ်တော့ဘူးဆိုရင် မိန်းကလေး အတော်များများဟာ ငွေနောက်လိုက်ပြီး လုပ်လာနိုင်စရာ အကြောင်းရှိပါတယ်။ ( လူကုန်ကူး ရောင်းစားခံရသော မိန်းကလေးများကိုတော့ နှမချင်း ကိုယ်ချင်းစာပါတယ်။ သူတို့ကို မဆိုလိုပါ။ )
ဒါကြောင့် ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ထိန်းချုပ်ထားတာဟာ အကောင်းဆုံး ဖြစ်မယ်လို့ ယူဆမိကြောင်း....။
Post a Comment